24.5 C
Yangon

Breaking News – စစ်ကိုင်းမြို့ပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ယမန်နေ့ညပိုင်း ဝင်ရောက်တိုက်ခိုက်သဖြင့် ၁ နာရီနီးပါး တိုက် ပွဲဖြစ်၊ စစ်ကိုင်းမြို့ပေါ် မဟာခိုနန်းကျောင်းတိုက် ကျည်ဆန်များ ထိမှန်ခဲ့ပြီး ကိုရင်ငယ် ၁ ပါး ဒဏ်ရာရ၊ မန္တလေးမှ စစ်ကားများနှင့် စစ်ကူများ စစ်ကိုင်းဘက်သို့ ညတွင်းချင်း ပေးပို့

Must read

ရန်ကုန်၊ ဩဂုတ် ၁၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် ၁ နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့ပေါ်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့ ည ၈ နာရီအချိန် စစ်ကိုင်းမြို့၊အနောက်ပိုင်း ငါးထပ်ကြီး၊ ဘုရားဖြူနှင့် ရပ်ကွက်များတွင် စစ် တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး မြို့ပေါ်မှ ပြည်သူများ တိုက်ပွဲ ဖြစ်ပွားသံများကို အတိုင်းသားကြားခဲ့ရကြောင်း၊ စစ်ကိုင်းမြို့ပေါ်မှ ဘုန်း ကြီးကျောင်းတချို့တွင် လက်နက်ကြီးနှင့်လက်နက်ငယ်များ ကျရောက်ခဲ့ပြီး ကိုရင်ငယ်တစ်ပါး မစိုးရိမ်ရဒဏ်ရာ ထိခိုက်ခဲ့​ကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်တာက ည ၈ နာရီဝန်းကျင်လောက်မှာ ဖြစ်တာ။ စစ်ကိုင်းမြို့ပေါ် ဘုရားဖြူထဲမှာ တပ်စွဲထားတဲ့ စစ်စခန်းကို ဝင်တိုက်တာ၊ စခန်းနားက ရပ်ကွက်တွေထဲပါ တိုက်ပွဲတွေနဲ့ အပြန်အလှန် ပစ်ခတ်ကြတယ်။ ည ၉ နာရီဝန်းကျင်လောက်မှာတော့ ပြန်ငြိမ်သွားတယ်။ ညတိုက်ပွဲဖြစ်တဲ့အချိန် အသံတွေ ဆူညံနေတာကို စစ်ကိုင်းမြို့က ပြည်သူတွေအားလုံး ကြားလိုက်ရတယ်” ဟု စစ်ကိုင်းမြို့ပေါ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကိုင်းမြို့ပေါ် မဟာခိုနန်း ပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့ည ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ကျောင်းတိုက်အတွင်း ကျည်ဆန်ထိမှန်ခဲ့ပြီး ကိုရင်ငယ် ၁ ပါး နားထင် ပွတ်ရှ ဒဏ်ရာရရှိသွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကိုရင်ငယ်များနှင့်စာသင်သားများ ကြောက်လန့်တကြား ဖြစ်ခဲ့ရကြောင်း မဟာခိုနန်း ပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော်နှင့်စာချ တာ ဝန်ခံ ဦးမာနိတာလင်္ကာရာဘိဝံသက လူမှုကွန်ရက်မှတစ်ဆင့် တိုက်ပွဲဖြစ်ပွားမှုကို အသိပေးထားသည်။

“ပဋ္ဌာန်းစာဝါ ချနေရင်းနဲ့ ကြောက်စိတ် မပေါ်မိပေမယ့် ကလေးတွေ အော်ပြေးတော့ လိုက်ပြေးရပါတယ်၊ ၃ လက္မ စတီးစကွဲယား ပိုက် ထုတ်ချင်းပေါက်တယ်၊ ၁၂ ပေအကျယ် အခန်းရဲ့ ဟိုဘက်ဒီဘက်ပြတင်းပေါက် ထုတ်ချင်းပေါက်တယ်၊ ကံကောင်းတာက ကိုရင်ကြီး တစ်ပါး နားထင် ပွတ်ရှ ထိသွားတာလေးကလွဲလို့ သံဃာအားလုံး အထိအပါး မရှိတာပါ” ဟု မဟာခိုနန်း ပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော်နှင့်စာချ တာ ဝန်ခံ ဦးမာနိတာလင်္ကာရာဘိဝံသက ပြောဆိုထားသည်။

ယနေ့နံနက်ပိုင်း စစ်တပ်က စစ်ကိုင်းမြို့ပေါ်တွင် လုံခြုံရေးတင်းကျပ်ထားပြီး စစ်ကိုင်းဘက်သို့ မန္တလေးဘက်မှ ယမန်နေ့ညပိုင်း စစ်ကားများနှင့် စစ်ကူများ ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယမန်နေ့ညပိုင်း စစ်ကိုင်းမြို့ပေါ် တိုက်ပွဲကြောင့် မဟာခိုနန်းကျောင်းတိုက်တွင် ကျည်ထိမှန်ထားသည့် အခြေအနေ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article