24.5 C
Yangon

ပုလောမြို့နယ်၊ တမိုင်းတောင်စခန်းကုန်းမှ စစ်သားများအားလုံး KNLA ၏ ပိတ် ဆို့ တိုက်ခိုက်မှုကြောင့် စခန်းစွန့်ခွာ ထွက်ပြေးသွားပြီး စခန်းကို သိမ်းပိုက်ရရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၁၈

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တမိုင်းတောင်စခန်းကုန်းမှ စစ်သားများအား လုံး KNLA ၏ ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် စခန်းစွန့်ခွာ ထွက်ပြေးသွားပြီး စခန်း ကို သိမ်းပိုက်ရရှိကြောင်း KNU – Mergui-Tavoy District က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့ ၊ ပုလောမြို့နယ်၊ အောင်ပူ(အင်ဖုံး) ကျေး ရွာအုပ်စုအတွင်း စစ်ကောင်စီ၏ ခလရ ၂၈၅ တပ်ရင်းက တပ်စွဲထားသော တမိုင်းတောင်စခန်းကုန်းကို စစ်သားများအားလုံးက စွန့်ခွာ ထွက်ပြေးသွားကြောင်း၊ အဆိုပါ စခန်းကို KNDO နှင့် KNLA တပ်များက ၁ လအတွင်း ရိက္ခာ ဖြတ်တောက် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သဖြင့် စခန်းမှ စစ်သားများ ဆုတ်ခွာထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသော အဆိုပါ စခန်းကုန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ် K.N.D.O တပ်ရင်း ၇ ၊တပ်ခွဲ ၅ နှင့် ကရင်အမျိုး သားလွတ်မြောက် ရေးတပ်မတော် K.N.L.Aအထူးတပ်ဖွဲ့က နယ်မြေရှင်း လင်းမှုများလုပ်‌ဆောင်ပြီး ပြန်လည်ထိန်းချုပ်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article