ဒီကနေ့ ဩဂုတ် ၁၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကချင်ပြည်နယ်၊ မိုးညှင်းမြိုနယ် အင်းတော်ကြီးဒေသ မိုင်းနောင်ရွာနဲ့ မမုံကိုင်ရွာက စစ်စခန်းတွေကို KIA ၊ KPDF ပူးပေါင်းတပ်ဖွဲက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရှမ်းပြည်နယ်၊ တောင်ကြီးမြို အမှတ် ၂ နယ်မြေ ရဲစခန်းမှူး မျိုးကျော်သူက မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေ အပါအဝင် စခန်းကုန်ကျစရိတ်လိုဆိုကာ နယ်ထိန်းရဲတွေကို ၁ လ ငွေကျပ် သိန်း ၃၀၀ ကျော် ရှာခိုင်းနေတယ်လို ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ကချင်ပြည်နယ်၊ ဗန်းမော်မြို၊ မြစ်ဆုံဟိုတယ်အနီးတဝိုက်မှာလည်း ၄ ရက် ဆက်တိုက်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်တပ်ဘက်က ၆၀ ကျော် သေဆုံးကာ အလောင်းတွေ ပုံနေတယ်လို KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းတပ်သားသစ်လိုအပ်ချက် မရှိစေဖိုအတွက် နည်းမျိုးစုံသုံးကာ လျာထားချက်ပြည့်မီ အောင်ပေးဖို ရန်ကုန်တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲက ဖိအားပေးညွှန်ကြားနေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
