24.2 C
Yangon

နွားထိုးကြီးမြို့နယ်၊ တစိုးကျေးရွာသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲပြီးနောက် ပြည်သူ ၅ ဦးကို သတ်ဖြတ်

Must read

ရန်ကုန်၊ ဩဂုတ် ၁၈

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ တစိုးကျေးရွာကို စစ်တပ်က ဝင်ရောက်တပ်စွဲထားပြီးနောက် ကျေးရွာမှ အမျိုးသမီး ၃ ဦး နှင့်အမျိုးသား ၂ ဦး စုစုပေါင်း ပြည်သူ ၅ ဦးကို ပစ်ခတ်သတ်ဖြတ်ထားသည်ဟု သတင်းများရရှိထားကြောင်း မြင်းခြံ ခရိုင် အမှတ် ၈ တပ်ရင်း တာဝန်ခံ ကိုလင်းလက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဩဂုတ်လ ၁၅ ရက်နေ့က မြင်းခြံမြို့နယ်၊ ကန်ဆင့်ကျေးရွာဘက်မှ တဆင့် နွားထိုးကြီးမြို့နယ်၊ တစိုး ကျေးရွာအတွင်းသို့ အင်အား ၃၀၀ ခန့်ဖြင့် ဝင်ရောက်လာသော အကြမ်းဖက်စစ်ကြောင်းသည် ကျေး ရွာအတွင်းရှိ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ထားပြီး ကျန်အမျိုးသားတစ် ဦးကိုလည်း ဖမ်းဆီးထားကြောင်း၊ ယင်းအကြမ်းဖက်စစ်သားများမှာ တံစိုးကျေးရွာအတွင်း ယနေ့အ ထိတပ်စွဲနေထိုင်လျက်ရှိသောကြောင့် ပြည်သူသတ်ဖြတ်ခံရမှု၊ဖမ်းဆီးခံထားရမှုအခြေအနေအသေး စိတ်ကို မသိရသေးပေ။

“ရွာထဲမှာ စခတွေက မထွက်သေးတော့ သေချာတော့အတည်ပြုလို့မရသေးဘူး။ သတင်းက တော့ ထွက်နေတယ်။ ကန်ဆင့်ကနေ တက်လာတဲ့စခစစ်ကြောင်းပဲ။ ရွာထဲမှာက တချို့တဝက်ပြည်သူတွေ ရှိနေသေးတာ။ တိုက်ပွဲကတော့ မရှိဘူး။ ရွာထဲဝင်လာတာတော့ ၁၆ ရက်နေ့ မနက်ခင်းဝင်လာတာ။ စစ်ကြောင်းနဲ့အတူတူ လေယာဉ်နဲ့ ဗုံးကျဲ နေလို့ ကျနော်တို့လည်း ဆုတ်လာခဲ့လိုက်ရတာ။ လေယာဉ် နဲ့က ဗုံးတောက်လျှောက်ကျဲတယ်။ တံစိုး ရွာထဲကို ဩဂုတ်လ ၁၅ ရက်နေ့ ညနေပိုင်းမှာ ဗုံးကျဲချတာ ရှိတယ်။ ပြည်သူတွေတော့ ထိခိုက်မှုမရှိခဲ့ဘူး။” ဟု မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း တာဝန်ခံ ကိုလင်း လက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းကြောင့် ပြည်သူများစွာ စစ်ဘေးရှောင်နေရပြီး ယခုအချိန်အထိ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း၊ ထို့အပြင် စစ်ဘေးရှောင်ရင်း သက်ကြီးရွယ်အိုအမျိုးသမီး ၁ ဦး သေဆုံး ထားကြောင်း သိရသည်။

ဓာတ်ပုံ – အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article