24.2 C
Yangon

ချင်းမိုင်တွင် မြန်မာဆောက်လုပ်ရေးလုပ်သား ကိုဆန်းထွေး အလုပ်ချိန်အတွင်း သေဆုံးမှု ထိုင်းအလုပ်ရှင်က နစ်နာကြေး ထိုင်းဘတ်ငွေ ငါးသိန်းခွဲ ပေးလျှော်

Must read

ရန်ကုန်၊ ဩဂုတ် ၁၈

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ကိုဆန်းထွေးသည် အလုပ်ချိန်အတွင်း ဓာတ်လိုက်သေဆုံးသွားမှုအတွက် ထိုင်းအလုပ်ရှင်က နစ်နာကြေး ထိုင်းဘတ်ငွေ ငါးသိန်းခွဲ ပေးလျှော်ခဲ့ကြောင်း Worker Alliance Group (WAG) အဖွဲ့မှ ကိုမုန်တိုင်းက ရန်ကုန်‌ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့ အလုပ်ရှင်ဘက်မှ သေဆုံးသူအတွက် နစ်နာကြေးအဖြစ် ထိုင်းဘတ်ငွေ ငါးသိန်းခွဲနှင့် ပကန်စံခွန်က ပေးသည့် ထိုင်းဘတ်ငွေ ငါးသောင်း ကိုလည်း သေဆုံးသူ၏ ညီ ဖြစ်သူထံသို့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

“အစက အလုပ်ရှင်က ပကန်စံခွန်ကြေး ဘတ် ငါးသောင်းနဲ့ အပြီးလုပ်တာ။ ကျနော်တို့အဖွဲ့ ချင်းမိုင်အထိ ဆင်းပြီး ညှိနှိုင်းခဲ့တယ်။ အလုပ်ရှင်ဘက်က လူသေပြီးရော လုပ်ချင်တာကို တရားဥပဒေအတိုင်း လုပ်မယ် ညှိနှိုင်းခဲ့တော့ သူတို့ဘက်ကပဲ ဘတ် ၅ သိန်းခွဲ ပေးမယ်ဆိုပြီး ပေးခဲ့တာပါ။ အလုပ်ရှင်ဘက်က လျှော်လိုက်တော့ ပကန်စံခွန်လိုမျိုး အရစ်ကျခွဲရတာမျိုးတွေ သေဆုံးသူရဲ့ မိန်းမဖြစ်သူ ထိုင်းကို လိုက်လာရမယ့် ကုန်ကျစရိတ်တွေ သက်သာသွားပါတယ်”ဟု Worker Alliance Group (WAG) အဖွဲ့မှ ကိုမုန်တိုင်းက ရန်ကုန်‌ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

‌လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့ရသူ ကိုဆန်းထွေးသည် မြန်မာနိုင်ငံမှ Htay Service Agent Co ,Ltdနှင့်တရားဝင်စာချုပ်ချုပ်ဆိုကာ MoUစနစ်ဖြင့် ထိုင်းသို့လာရောက် အလုပ်လုပ်‌နေသူဖြစ်ပြီး ဇူလိုင်လ ၃၁ ရက်နေ့ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေစဉ် ရေကန်ထဲရှိ ရေစုပ်စက်ကို ကိုင်ရင်း ဓာတ်လိုက်သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article