29.7 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၁၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • စစ်ကိုင်းမြို့ပေါ်မှာရှိတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက မနေ့ကညပိုင်းမှာ ဝင်ရောက် တိုက်ခိုက်တာကြောင့် ၁ နာရီနီးပါး တိုက် ပွဲဖြစ်ပွားခဲ့ပြီး စစ်ကိုင်းမြို့ပေါ်က မဟာခိုနန်းကျောင်းတိုက်ကို ကျည်ဆန်တွေ ထိမှန်ခဲ့တာကြောင့် ကိုရင်ငယ် ၁ ပါး ဒဏ်ရာရခဲ့သလို မန္တလေးကနေ စစ်ကားတွေနှင့် စစ်ကူတွေကို စစ်ကိုင်းဘက်ကို ညတွင်းချင်း ပို့ဆောင်နေပါတယ်။
  • ကရင်နီပြည်ဘက်မှာတော့ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်တပ်က မနေ့က လေယာဉ်နဲ့ ဗုံးကျဲချခဲ့တာကြောင့် သေဆုံးသူ ပြည်သူ ၂၄ ဦးအထိရှိလာကာ သေဆုံးသူ အရေအတွက် ဆက်တိုးလာနိုင်တယ်လို့ ဗုံးဒဏ်သင့် ပြည်သူတွေကို ကူညီကယ်ဆယ်ရေးမှာ ပါဝင်နေသူတချို့က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • တနင်္သာရီတိုင်း၊ ပလောမြို့နယ်၊ တမိုင်းတောင်စခန်းကုန်းမှ စစ်သားတွေအားလုံးဟာ KNLA ရဲ့ ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် စခန်းကနေစွန့်ခွာ ထွက်ပြေးသွားပြီး စခန်း ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ KNU – Mergui-Tavoy District က သတင်းထုတ်ပြန်ထားပါတယ်။
  • ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်ရွာအနီးမှာ ထိတွေ့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်က အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံးခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article