29.7 C
Yangon

ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်နေ့ ကျင်းပမည်ဟု အကြမ်းဖက်စစ်တပ်က ကြေညာ

Must read

ရန်ကုန်၊ ဩဂုတ် ၁၈

အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်နေ့ ကျင်းပသွားမည်ဟု ယနေ့ မွန်းလွဲပိုင်း ထုတ်ပြန်ကြေညာသည်။

အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း၊ ဆက်လက်၍ ရွေးကောက်ပွဲ အပိုင်းလိုက် ကျင်းပမည့် နေ့ရက်များကိုလည်း ဆက်လက် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ကြေညာသည်။

စစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်မည့် မဲဆန္ဒနယ်ကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြေညာထားပြီး စစ်တပ်က လက်လွှတ်ထားရသော မြို့နယ်များကိုပါ ရွေးကောက်ပွဲ လုပ်မည်ဟု ကြေညာထားခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေအဖြစ် မြို့နယ် ၃၃၀ ခုကို ရွေးကောက်ပွဲကျင်းပမည်ဟု စစ်တပ်က ကြေညာပြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များအဖြစ်လည်း မဲဆန္ဒနယ် ၁၁၀ တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာသည်။ တိုင်းနှင့်ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်အဖြစ် ၃၆၄ ခု သတ်မှတ်ပြီး တိုင်းနှင့်ပြည်နယ်လွှတ်တော်၊ လူမျိုးစု မဲဆန္ဒနယ်အဖြစ် ၂၉ နယ် သတ်မှတ်ထားသည်။

အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က တစ်နိုင်ငံလုံး မည့်သည့်နေရာကိုမှ ချန်လှပ်မထားဘဲ ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာသော်လည်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီပြည်တို့ရှိ မြို့နယ်အများစုမှာ စစ်တပ်က လက်လွှတ်ဆုံးရှုံးရသည်။ ထို့ပြင် အခြား တိုင်းနှင့်ပြည်နယ်မဲဆန္ဒနယ်များဖြစ်​သော စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းတို့တွင်လည်း မြို့ပေါ် ဒေသများမှလွဲ၍ ကျေး လက် ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

ထို့ပြင် MNDAA ၊ UWSA ၊ မိုင်းလား၊ TNLA ၊ AA ၊ KIA၊ KNU ၊ CNF ၊ CB အပါအဝင် တိုင်းရင်းသားတော်လှန်ရေးတပ်များက ထိန်းချုပ်ထားသော မြို့နယ်များအားလုံးကို စစ်တပ်က ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်များအဖြစ် ကြေညာထား သည်။

စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြု စနစ် PR ဖြင့် မဲဆန္ဒနယ် ၆၈ ခု ပါဝင်လာပြီး အမျိုးသားလွတ်တော်တွင် မဲဆန္ဒနယ် ၂၆ ခုကို PR စနစ်ဖြင့် လည်းကောင်း၊ တိုင်းနှင့်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၄၂ ခုကို PR စနစ်ဖြင့် လည်းကောင်း ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း၊ ကျန်မဲဆန္ဒနယ်များအားလုံးကို နိုင်သူ အကုန်ယူ FPTP စနစ်ဖြင့် ကျင်းပမည်ဖြစ်ကြောင်း ကြေညာထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article