29.7 C
Yangon

နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာအုပ်စုမှ လူငယ် ၁၃ ဦးထက်မနည်းကို စစ်တပ် စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေပေးနိုင်သော လူငယ်တချို့ကို ပြန်လွှတ်ပေး

Must read

ရန်ကုန်၊ ဩဂုတ် ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာအုပ်စုမှ လူငယ် ၁၃ ဦးထက်မနည်းကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၁၇ ရက် ညပိုင်းက နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ များအတွင်းသို့ PDF များဝင်ရောက်လာသည်ဟုဆိုကာ တစ်အိမ်ဝင်၊ တစ်အိမ်ထွက် လှည့်လည်စစ် ဆေးကာ ကျေးရွာနေလူငယ် ၁၃ ဦး ထက်မနည်းကို ပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ဖမ်း ဆီး ခံရသည့်လူငယ်များအနက် ၅ ဦးကို ငွေကြေးဖြင့် ပြန်လည်ရွေးယူခဲ့ရကြောင်း၊ ကျန် ၈ ဦးကို စစ်ကောင်စီတပ်သားများက ဆက်လက်ခေါ် ဆောင်သွားကြောင်း သိရသည်။

“ရွာထဲကို PDF ဝင်လာတယ်သတင်းရလို့ဆိုပြီး တစ်အိမ်ဝင် တစ်အိမ်ထွက်လိုက်စစ်ပြီး ဖမ်းသွားတာ၊ လူငယ်လေးတွေ ဖမ်းခံလိုက်ရတယ်။ တံခါးတွေဘာတွေဆိုရင် ဆောင့်ကန်ဖွင့်ပြီး ဖမ်းတာ။ သေနတ် တွေဆိုရင် မောင်းတင်ပြီးတော့ လိုက်ဖမ်းတာ။ လူငယ်တွေက အသက် ၂၀ ဝန်းကျင်အရွယ်တွေပဲ။ ဖမ်းမိတဲ့လူငယ်တွေကို တောထဲမှာရှိတဲ့ အိမ်တွေထဲ မှာ သော့ခတ်ထိန်းသိမ်းထားတာ။ အဲဒီမှာဖမ်း ထားတုန်း ငွေနဲ့လိုက်ရွေးနိုင်တဲ့သူ ဆိုလွတ်တယ်၊ ညက ၁၃ ယောက်ထဲက ၅ ယောက်တော့ ငွေနဲ့ လိုက်ရွေးလို့ ပြန်လွတ်တယ်။ ကျန်တဲ့ ၈ ယောက်ကို ဆက်ခေါ် သွားတယ်လို့ သိရတယ်” ဟု ဒေသ နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။

နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် လူငယ်များကို အတင်း အဓမ္မ လိုက်လံဖမ်းဆီးကာ စစ်မှုထမ်းတပ်သားအဖြစ် ကျေးရွာနေပြည်သူများကို ခရီးသွား လာခွင့် ပိတ်ပင်ခြင်း၊ ပေါ်တာဆွဲဖမ်းဆီးခြင်း၊ နေအိမ်များကို ချိတ်ပိတ်ခြင်းတို့ လုပ်ဆောင်နေမှုများကြောင့် ဒေသ နေ ပြည်သူ အချို့ မှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ဓာတ်ပုံ – နောင်ချိုမြို့ကို ပြန်လည် သိမ်းယူထားသော အကြမ်းဖက်စစ်တပ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

နောင်ချိုမြို့ကို ပြန်လည် သိမ်းယူထားသော အကြမ်းဖက်စစ်တပ်
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article