27.2 C
Yangon

ထိုင်းနိုင်ငံ၊ စမွတ်ပကန်တွင် အကြောင်းမဲ့အလုပ်ထုတ်ခံလိုက်ရသည့် မြန်မာအလုပ်သမား ၂၀၂ ဦးအတွက် နစ်နာကြေး ရရှိ၊ မြန်မာ အလုပ်သမား ၁၅ ဦးကမူ လုပ်သက်အလိုက် နစ်နာကြေးရရှိရေး ဆက်လက် တရားစွဲ

Must read

ရန်ကုန်၊ ဩဂုတ် ၁၈

ထိုင်းနိုင်ငံ၊ စမွတ်ပကန်ရှိ ဆိုင်ကယ်အပိုပစ္စည်းစက်ရုံတစ်ခုတွင် အကြောင်းမဲ့အလုပ်ထုတ်ခံလိုက်ရသည့် မြန်မာအလုပ်သမား ၂၀၂ ဦးအတွက်နစ်နာကြေး ပြန်လည်ရရှိအောင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုင်းအလုပ်ရှင်က မေလ ၂၃ ရက်နေ့တွင် အလုပ်သမား ၂၀၂ ဦးကို အကြောင်းမဲ့အလုပ်ထုတ်လိုက်ခြင်းဖြစ်ပြီး လုပ်ခလစာအပြည့်အဝ မရရှိခဲ့ကြောင်း သိရှိရသည်။

“နယ်မြေခံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးမှာ တိုင်ကြားပေးခဲ့လို့ အလုပ်သမား ၂၀၂ ဦးအတွက် ဘတ် ၂ သန်းကျော် ရခဲ့တယ်။ တစ်ဦးကို ဘတ် ၁ သောင်း ပေါ့။ အဲဒီထဲမှာ လုပ်သက်ကြာ မြန်မာအလုပ်သမား ၁၅ ဦးကတော့ သူတို့ရဲ့ နစ်နာကြေး အပြည့်အဝ ရရှိဖို့အတွက် ဆက်လက်တရားစွဲဆိုဖို့ ရှိတော့ ဆက်ကူညီသွားမှာပါ”ဟု အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထပ်မံတရားစွဲဆိုမည့် မြန်မာအလုပ်သမား ၁၅ ဦးသည် လုပ်သက်ကြာ အလုပ်သမားများ ဖြစ်သည့်အတွက် နစ်နာကြေးသည် တစ်ဦးလျှင် ဘတ် ၃ သောင်းမှ ၅ သောင်းကျော်အထိ ရရှိရေး တရားစွဲဆိုခြင်းဖြစ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများထံမှ သိရှိရသည်။

“မြန်မာလုပ်သား ၁၅ ဦးက အလုပ်ပြုတ်နစ်နာကြေးအပြင် ကြိုတင်မပြောဘဲ ထုတ်တဲ့အလုပ်ပြုတ်နစ်နာကြေးပါ တိုင်မှာ။ ပြီးတော့ လုပ်အားခ နည်းပြီး ရထားတဲ့ လတွေ ရှိတယ်။ အဲဒီဟာကို ထိုင်းလို ရောလန် ( နောက်ကြောင်းပြန် နစ်နာကြေး) အဲဒီဟာအတွက်ပါ တရားစွဲဆိုမှာပါ။ ဒီဟာက ထိုင်းမှာ လုပ်အားခ ၃၀၀ ကျော် သတ်မှတ်ထားတာကို ၂၀၀ ပဲ ပေးထားတဲ့ လတွေ အတွက်ပေါ့ ဥပဒေမှာ ပြဋ္ဌာန်းထားတယ်”ဟု အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article