27.2 C
Yangon

မင်းဘူးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ စစ်တပ်က အိုးပြင်မဲရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၇ လုံးပြာကျ

Must read

ရန်ကုန်၊ ဩဂုတ် ၁၈

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ အိုင်းမကျေးရွာနှင့်အိုးပြင်မဲကျေးရွာကြားတွင်အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်‌နေ့ ဩဂုတ် ၁၇ ရက် ညနေ ၂ နာရီ ၃၀ မိနစ်က မင်းဘူးမြို့နယ်၊ ဇီးအိုင်ကျေးရွာဘက်မှ ထွက် လာသော အကြမ်းဖက်စစ် ကောင်စီ၏ ခလရ ၈၈ တပ်ရင်းမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည်စကော၊ ပင်းတလဲ၊ ကန့်သက်ကျေးရွာနှင့် အိုင်းမကျေးရွာတို့ကို ဝင်ရောက် မွှေ နှောက်ပြီး အိုးပြင်မဲကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာလာခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို အိုင်းမကျေးရွာ၌ အိုးပြင်မဲကျေးရွာ အရောက်တော်လှန်ရေးတပ်ဖွဲ့ဝင်များက ကင်းပုန်းဝပ်စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မင်းဘူးမြို့၊ ဇီးအိုင်ဘက်နေပြီးတော့ ခလရ ၈၈ အဲဒီကနေ ထွက်လာတယ်။ ထွက်လာပြီးတော့ အဲဒီ နားက စကော၊ ပင်းတလဲ၊ ကန့်သက်တို့ကိုမွှေတယ်၊ မွှေပြီးတော့ အိုးပြင်မဲရွာကို အဝင်မှာ အိုင်းမနဲ့ အိုးပြင်မဲရွာကြား လမ်းကြောင်းကို ကူးတဲ့အချိန်မှာ ကင်းပုန်းနဲ့တွေ့ပြီး သူတို့ပစ်ခံရတာ။ ၇ ယောက် သေတာ၊ တော်လှန်ရေးဘက်က အထိအခိုက်မရှိဘူး။ သူတို့လာမယ်ဆိုတာ သိလို့ ကင်းပုန်း ဝပ်ပြီး တော့ စောင့်ပစ်တာ။” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သားများက အိုးပြင်မဲရွာကို ဝင်ရောက်မီးရှို့ ခဲ့ရာ နေအိမ် ၂၇ လုံးမီးလောင်ပြာကျသွားကြောင်း ၊ိုထို့အပြင် အိုးပြင်မဲရွာထိပ်ရှိ ဇရပ်ကိုလည်းစစ်ကောင်စီတပ် က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျက်စီးမှုရှိကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article