27.2 C
Yangon

ကော့ကရိတ်မြို့နယ် အတွင်း စစ်ကြောင်းထိုး နေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

Must read

ရန်ကုန်၊ ဩဂုတ် ၁၈

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ၅ ရက်ဆက် ၆၀ မမ ဗုံး ၄၁ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း Federal Revolution Force-FRF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၃ ရက်နေ့မှ ဩဂုတ်လ ၁၇ရက်နေ့အထိ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ကျေးရွာတစ်ရွာတွင် အင်အား ၈၀ ခန့်ဖြင့် အထိုင်ကျ တပ်စွဲထားစဉ် KNDO ပူပေါင်းအဖွဲ့များ နှင့် FRF ရဲဘော်များက ၆၀ မမ လက်နက်ကြီး ၄၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၁၀ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများပြားကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး အင်အားကတော့ ၈၀လောက်ရှိတယ်။ လက်ရှိချိန်ထိ စစ်ခွေးတွေဘက်က လေကြောင်းသုံး တိုက်ခိုက်နေပါတယ်။ သြဂုတ် ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့ ထိ ပစ်ခဲ့ပါတယ်။ လက်နက်ကြီး ၄၁ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ လက်ရှိချန်ထိ တိုက်ပွဲပြင်းထန်နေပါတယ်။ ညီမတို့ အဖွဲ့က ၆၀ မမ လက်နက်ကြီးထုတ်ပါတယ် ကိုယ်တိုင်လည်းရှေ့တန်ထွက်ပစ်တယ်။ စစ်ခွေး သေးဆုံးမှုက ခန့်မှန်းခြေ ၁၀ ကောင်ကျော် လောက်ရှိမယ်။ ထိခိုက်မူအများပြားရှိပါတယ်။ KNDOနဲ့က ပူပေါင်းတိုက်တာပါ။ FRF က ထုတ်လုပ်ပြီး KNDOနဲ့ပူပေါင်း တိုက်တာပါ” ဟု Federal Revolution Force-FRF မှ တာဝန်ရှိသူက ပြောဆိုသည်။

လက်ရှိအချိန်အထိ ကော့ကရိတ်မြို့နယ်အတွင်း ထိတွေ့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article