25 C
Yangon

ရှမ်းတောင်ပိုင်းတွင် စစ်တပ်က Non-CDM ဝန်ထမ်းများကို ဆင့်ခေါ်၍ ရှမ်းဝတ်စုံဝတ်ခိုင်းပြီး ရှမ်းအလံထောင်ခိုင်းကာ TNLA နှင့် MNDAA ကို ဆန္ဒပြခိုင်းမှုအပေါ် RCSS/SSA က တရားဝင်ကန့်ကွက်

Must read

🟥 ရှမ်းပြည်သူလူထု၏ ဆန္ဒမဟုတ်ဘဲ စစ်တပ်က ပဋိပက္ခ ဖြစ်စေရန် ဖန်တီးနေဟု RCSS/SSA က သတိပေး

ရန်ကုန်၊ ဩဂုတ် ၁၈

ရှမ်းပြည်တောင်ပိုင်းတွင် စစ်တပ်က Non-CDM ဝန်ထမ်းများကို ဆင့်ခေါ်၍ ရှမ်းဝတ်စုံဝတ်ခိုင်းပြီး ရှမ်းအလံထောင်ခိုင်းကာ TNLAနှင့် MNDAA ကို ဆန္ဒပြခိုင်းမှုအပေါ် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ( RCSS/SSA) က တရားဝင် ကန့် ကွက်ကြောင်း RCSS/SSA အတွင်းရေးမှူး၂ ဗိုလ်မှူးစိုင်းခမ်းစံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ရှမ်းပြည်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နှင့် မိုင်းပန်မြို့တို့တွင် ယနေ့ နံနက်ပိုင်း ဒေသပြည်သူများနှင့် Non-CDM ဝန်ထမ်းများကို အတင်းအကျပ် ဆင့်ခေါ်၍ TNLA နှင့် MNDAA အလိုမရှိကြောင်း ဆန္ဒပြခိုင်းခဲ့ခြင်းဖြစ်သည်။

“ရှမ်းတောင်ပိုင်းမှာ ဘာတိုက်ပွဲမှ မရှိဘူး။ နောက်တစ်ခုက သူတို့ စစ်တပ်က ဝန်ထမ်းတွေကို ခေါ်ပြီး ရှမ်းပြည်အလံထောင်ခိုင်းတယ်၊ ရှမ်းဝတ်စုံဝတ်ခိုင်းပြီးတော့ TNLA နဲ့ MNDAA အလိုမရှိဘူးဆိုပြီး ဆန္ဒပြခိုင်းတယ်။ ဒါက ရှမ်းပြည်သူလူထုတွေ မဟုတ်ဘူး။ သူတို့ ဝန်ထမ်းတွေ။ ပဋိပက္ခဖြစ်အောင် ဖန်တီးနေတာဖြစ်တယ်။ ကျနော်တို့ ရှမ်းတွေကို အမြင်မှားအောင် လုပ်နေတာ။ ကျနော်တို့ RCSS/SSA အနေနဲ့ ဒါကို တရားဝင် ကန့်ကွက်ပါတယ်” ဟု RCSS/SSA အတွင်းရေးမှူး၂ ဗိုလ်မှူးစိုင်းခမ်းစံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်တပ်က ကန့်ကွက်မှုများ လုပ်ဆောင်နေသည့် ရှမ်းတောင်ဒေသမှာ မည်သည့်တိုက်ပွဲမှ မရှိကြောင်း၊ စစ်တပ်က ဆန္ဒပြပွဲများကို ရှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်တိုင်းလိုလိုတွင် လုပ်ဆောင်ရန် ဖိအားပေး စေခိုင်းနေကြောင်း၊ ယင်းသို့ လုပ်ဆောင်မှုများမှာ ပဋိ ပက္ခများကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

RCSS/SSA သည် စစ်တပ်နှင့် NCA တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး နွေဦးတော်လှန်ရေးတွင် ပါဝင်ခြင်းမရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုလည်းဖြစ်သည်။

စစ်တပ်က လုပ်ဆောင်နေသော TNLA နှင့် MNDAA ကို ဆန္ဒပြပွဲများမှာ ရှမ်းပြည်သူလူထု၏ ဆန္ဒမဟုတ်ဘဲ ပဋိပက္ခ ဖြစ်စေရန် ဖန်တီးနေမှုအဖြစ် RCSS/SSA က အများပြည်သူသို့ သတိပေးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article