28.3 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၂၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကချင်ပြည်နယ်၊ ဗန်းမော်တိုက်ပွဲမှာ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်က သူနာပြုစစ်ဗိုလ် ဗိုလ်ကြီး အေးမျိုးထွန်းဟာ KIA က ပစ်ခတ်တဲ့ စနိုက်ပါကျည် ထိမှန် သေဆုံးပြီး အလောင်းကို မြစ်ကြီးနားကို ပြန် သယ်ပြီး သဂြိုလ်တယ်လို့ သိရပါတယ်။
  • စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာစစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် စစ်သုံ့ပန်းအများအပြား ဖမ်းမိခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာတွေနဲ့ ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း ၃၅၀၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မကွေးတိုင်း၊ စလင်းမြို့နယ်၊ သရက်ချည်ရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲပွားခြင်းမရှိဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article