31.3 C
Yangon

သဲကုန်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးနေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး စံရွှေမြင့်က ဦးစီးပြီး ပြည်သူပိုင် ရွှေ၊ ငွေ ၊ ဆိုင်ကယ်၊ စက်ဘီးနှင့်ကားများကို လုယက် ခွဲဝေယူ

Must read

ရန်ကုန်၊ ဩဂုတ် ၂၀

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေရာတွင် သဲကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူး စံရွှေမြင့်က ဦးစီးပြီး ကျေးရွားများမှ ပြည်သူပိုင် ရွှေ၊ငွေ၊ ဆိုင်ကယ်၊ စက်ဘီးနှင့်ကားများကို လုယက်ကာ စစ်သားများ ခွဲဝေပေးနေကြောင်း သဲကုန်းမြို့အခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်နှင့် တပ်အသိုင်းအ၀ိုင်းထံမှ စုံစမ်းသိရှိရသည်။

ဩဂုတ်လ ၁၂ ရက်နေ့မှစတင်ပြီး သဲကုန်းမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးမှုများ လုပ်ဆောင်ခဲ့ပြီး သဲကုန်းမြို့နယ်အတွင်းရှိ ဒါးသွေးကျော်ရွာ၊ ရုံးပင်တက်ရွာ၊ သရက်ကိုင်းကျိုး အပါအဝင် ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ကြောင်း၊ ကျေးရွာအတွင်းမှ ပြည်သူများမှာ ကိုယ်လွတ်ရုန်း ထွက်ပြေးရကြောင်း၊ ပြည်သူများ ကျန်ရစ်ခဲ့သော ဆိုင်ကယ်၊ ကား၊ စက်ဘီး၊ အဖိုးတန် ရွှေ၊ ငွေနှင့် အိမ်အသုံးအဆောင်ပစ္စည်းများကို စစ်တပ်က ကားများဖြင့် သယ်ယူသွားကြောင်း၊ ယင်းသို့ စစ်တပ်က လုယက်ထားသော ပစ္စည်းများကို ဗိုလ်မှူး စံရွှေမြင့်က စစ်သားများကို ပြန်လည် ခွဲဝေပေးကြောင်း သိရှိရသည်။

“တန်ဖိုးရှိတာတွေတော့ ဗိုလ်မှူးစံရွှေမြင့်နဲ့ အထက်ပိုင်းက ယူကြတယ်။ တန်ဖိုးမရှိတဲ့ အဝတ်အထည် အိမ်အသုံး အဆောင်တွေကိုတော့ စစ်သားတွေကို ပြန်ခွဲပေးတယ်” ဟု သဲကုန်းမှ ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

စစ်တပ်က ကျေးရွာများသို့ စစ်ကြောင်းထိုးသဖြင့် ပြည်သူထောင်ပေါင်းများစွာမှာ စစ်ဘေးရှောင်နေရဆဲဖြစ်ပြီး

ဩဂုတ်လ ၁၄ ရက်နေ့တွင် စစ်တပ်က ရုန်းပင်တက်ရွာ ၊ ဘိုကုန်းရွာ နှင့် ကြက်ခွဲရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဩဂုတ်လ ၁၂ ရက်နေ့ နှင့် ၁၃ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ရုန်းပင်တက်ရွာ၊ ဓားသွေး ကျောက်ကျေးရွာနှင့် သရက်ကိုင်းကျိုး ရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“နယ်မြေရှင်းလင်းရေးက ဆက်လုပ်ဦးမယ်လို့ သိရတယ်။ အခုက စစ်ကြောင်းထိုးလိုက်။ မြို့ပေါ်မှာ ပြန်ပြီး ရလာတဲ့ ပစ္စည်းတွေ ခွဲဝေယူလိုက်၊ ပြီးတော့ စစ်ကြောင်းပြန်ထိုးလိုက် လုပ်နေတာ။ မိုးကုန်ရင် စစ်ကြောင်းထိုးမယ့်အပြင် ရွာတွေမှာ ပြည်သူ့စစ်တွေ ဖွဲ့ဖို့ စီမံချက်တွေ ဆွဲနေတာလည်း သိရတယ်” ဟု သဲကုန်းမြို့မှ တပ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။

သဲကုန်းမြို့နယ်အတွင်း စစ်ဆင်ရေးကို ဦးဆောင်နေသော ဗိုလ်မှူး စံရွှေမြင့်မှာ စစ်တပ် လက်ရုံးတပ်မှ ဖြစ်ပြီး စစ်အင်ဂျင်နီယာတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၂၃ ခုနှစ်အတွင်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို အစည်းအဝေးခေါ်ယူခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၂၃ ခုနှစ်အတွင်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို အစည်းအဝေးခေါ်ယူခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article