31.3 C
Yangon

မင်းအောင်လှိုင်က သူမွေးဖွားရာ မင်းဘူးမြို့ကို အကျော်အမော်များ၊ ယဉ် ကျေးမှု အမွေအနှစ်များနှင့် သမိုင်းအစဉ် အလာများရှိသော မြို့ဟု တင်စား

Must read

ရန်ကုန်၊ ဩဂုတ် ၂၀

အကြမ်းဖက် မင်းအောင်လှိုင်က သူမွေးဖွားခဲ့ရာ မင်းဘူးမြို့သည် အကျော် အမော်များ မွေးဖွားရာ၊ ယဉ်ကျေးမှု အမွေအနှစ်များ ထွန်းကားတည်ရှိရာနှင့် သမိုင်းအစဉ်အလာကြီးမားသော မြို့တစ်မြို့အဖြစ် တင်စား ပြောဆိုလိုက်သည်။

ယမန်နေ့ မကွေးတိုင်း၊ မင်းဘူးမြို့သို့ ရောက်ရှိလာသော အကြမ်းဖက် မင်းအောင်လှိုင်က Non-CDM ဝန်ထမ်းများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲတွင် သူမွေးဖွားရာ မင်းဘူးမြို့ကို အထက်ပါအတိုင်း တင်စားပြောဆိုခဲ့ခြင်းဖြစ်သည်။

“မင်းဘူးမြို့သည် သမိုင်းအစဉ်အလာ ရှိခဲ့သည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ အကျော် အမော်များ၊ ယဉ်ကျေးမှု အမွေ အနှစ်များရှိခဲ့သည့်မြို့ဖြစ်ကြောင်း၊ မြန်မာစာပေသမိုင်းတွင် ဇတ်ကြီးဆယ်ဘွဲ့ထဲမှ ဇတ်တော်ကြီး ၈ ဘွဲ့ကို နောင်လာ နောက်သားတို့ အတုယူရအောင် စကားပြေနှင့် ရေးသားတော်မူခဲ့သည့် ဆရာတော်ဦးဩဘာသသည် မင်းဘူးနယ်သား ထင်ရှားသည့် စာဆိုကျော်တစ်ဦးဖြစ်သည်ကို ဂုဏ်ယူဖွယ်တွေ့ရှိရမည်ဖြစ်ကြောင်း၊ အလားတူ မြန်မာ့လွတ် လပ်ရေးသမိုင်းတွင် အသက်ပေး တာဝန်ထမ်းဆောင်သွားခဲ့သည့် အာဇာနည် ၉ ဦးတွင် တစ်ဦး အပါအဝင် ဖြစ်သည့် အတွင်းဝန် ဦးအုန်းမောင်သည်လည်း မင်းဘူးမြို့သားတစ်ဦးဖြစ်သည်ကို သိရှိပြီးဖြစ်ကြောင်း မင်းအောင်လှိုင်က ဆို သည်။

အကြမ်းဖက် မင်းအောင်လှိုင်မှာ ၁၉၅၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ မကွေး တိုင်း ၊ မင်းဘူးမြို့တွင် ဖခင် ပန်းချီ ဆရာ ခင်လှိုင်နှင့် မိခင် လှမူတို့က မွေးဖွားခဲ့ခြင်းဖြစ်ပြီး မင်းဘူးမြို့သည် အကြမ်းဖက် မင်းအောင်လှိုင်၏ မွေးဖွားရာ ဇာတိချက်မြုပ်ရာ မြို့လည်းဖြစ်သည်။

အကြမ်းဖက် မင်းအောင်လှိုင်က ၎င်းမွေးဖွားခဲ့ရာ မင်းဘူးဒေသတွင် ပညာရေးဖွံ့ဖြိုးရေးအတွက် Polytechnic ကျောင်းများ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက်လည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကတိပြု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article