ရန်ကုန်၊ ဩဂုတ် ၂၀
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးရွာရှိ 147 KTV ကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ လူ ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဩဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်အချိန် စဥ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးရွာရှိ 147 KTV ကို တံတားဦး လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ YAK 130 ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၆ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားပြီး ဒဏ်ရာရရှိသူ အရေအတွကို အတည်ပြုနေဆဲဖြစ်ကြောင်း၊ လေကြောင်း တိုက်ခိုက်မှု အတွင်း အဆောက်အဦး ၃ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“မနေ့ ဩဂုတ် ၁၉ ရက်နေ့ မွန်းလွဲပိုင်းက စဥ့်ကူးနယ် ရှောက်ပင်ရိုးရွာမှာရှိတဲ့ 147 KTV ကို တံတားဦးကနေ တက်လာတဲ့ YAK 130 ဂျက်တိုက်လေယာဉ် နဲ့ လေကြောင်း တိုက်ခိုက်မှုပြုလုပ်သွားတာပါ။ ပြည်သူ ၆ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရတာ အရမ်းများတယ်။ ထိခိုက်မှု အရေအတွက်က အတိအကျမသိရသေးဘူး။ အဆောက်အဦး ၃ လုံးလည်း ပျက်စီးသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ ဇူလိုင်လ ၂၉ ရက်နေ့ကလည်း စဉ့်ကူးမြိုနယ် လက်ပန်လှကျေးရွာ ရဲစခန်းနှင့် ရွှေပန်တောကျေးရွာတို့ကို စစ်တပ်က လေကြောင်းတိုက် ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ပြစ်ဒဏ်ကျ အကျဉ်းသားများနှင့် စစ်ဆေးနေဆဲ သံသယတရားခံများဖြစ်သော အမျိုးသား ၂၁ ဦး နှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၃၀ ဝန်း ကျင်ရှိခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


