ဒီကနေ့ ဩဂုတ် ၂၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်တပ်က ပြုလုပ်ပေးမယ့် ရွေးကောက်ပွဲမှာ ကြံ့ဖွတ်ပါတီက အနိုင်ရရှိမှာဖြစ်ပြီး အစိုးရဖွဲ့ခွင့်ရရှိမှာ ဖြစ်တယ်ဆိုတာကို ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက ပါတီအတွင်းမှာ တရားဝင် ထုတ်ဖော်ပြောလာတယ်လို့ ကြံ့ခိုင်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
- အကြမ်းဖက် စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တယ်ဆိုတာကို ကြားကာလ ချင်းအမျိုး သားအတိုင်ပင်ခံကောင်စီ-ICNCC က မနေ့က ဩဂုတ်လ ၁၉ ရက်နေ့မှာ တရားဝင် သဘောထား ထုတ်ပြန်ထားပါတယ်။
- ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲတာကြောင့် သေဆုံးသူ ပြည်သူ ၃၂ ဦးအထိရှိလာပြီး ကုလသမဂ္ဂနှင့်အာဆီယံ အပါအဝင် နိုင်ငံတကာအစိုးရတွေက စစ်တပ်ကို ထိရောက်စွာ အရေးယူဖို့ ကရင်နီပြည် ကြား ကာလ အုပ်ချုပ်ရေး ကောင်စီ(Interim Executive Council of Karenni State-IEC) က တောင်းဆိုထားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
