29.6 C
Yangon

အောင်လံမြို့သို့ လာရန်ရှိနေသည့် မင်းအောင်လှိုင်၏ လုံခြုံရေးအတွက် ဟုဆိုကာ စာသင်ကျောင်းများအားလုံးတွင် စစ်တပ်က ဝင်ရောက်တပ်စွဲပြီး တစ်မြို့လုံး ဒရုန်း Jammer များနှင့် Drone Guards များချထား

Must read

ရန်ကုန်၊ ဩဂုတ် ၂၀

မကွေးတိုင်းသို့ လာရောက်နေသည့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အောင်လံမြို့သို့ လာရောက် မည်ဖြစ်၍ မင်းအောင်လှိုင်၏ လုံခြုံရေးအတွက် ဟုဆိုကာ စာသင်ကျောင်းများအားလုံးတွင် စစ်တပ်က ဝင်ရောက်တပ်စွဲပြီး တစ်မြို့လုံး ဒရုန်း Jammer များနှင့် Drone Guards များချထားကြောင်း အောင်လံမြို့မှ ဌာနဆိုင်ရာဝန်ထမ်းများထံမှ သိရှိရသည်။

ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အောင်လံမြို့သို့ လာရောက်ရန်ရှိနေကြောင်း၊ ထို့ကြောင့် အောင်လံတစ်မြို့လုံးကို ပိတ်ဆို့လုံခြုံရေးတင်းကျပ်ထားသည့်အပြင် အခြေခံပညာ ကျောင်းများအားလုံးတွင် စစ်တပ်၊ရဲနှင့် ပျူစောထီးများက ဝင်ရောက်တပ်စွဲထားကြောင်း၊ အောင်လံမြို့အဝင် တမာပင်တာဂွဂိတ်တွင် စစ်သား၊ ရဲ အမြောက် အများအများကို ချထားပြီး အောင်လံမြို့ပေါ်ရှိ လမ်းတစ်ခုလျှင် စစ်သားအင်အား အနည်းဆုံး ၅၀ နီးပါး ချထား လုံခြုံရေးယူထားကြောင်း သိရှိရသည်။

“အောင်လံမြို့ပေါ်က လမ်းတွေ၊ မြို့အဝင်အထွက်ဂိတ်တွေမှာမတင်မဟုတ်ဘူး၊ အောင်လံမြို့ပေါ်ရှိ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းနဲ့ အထက်တန်းကျောင်းတွေမှာလည်း စစ်ကားတွေဝင်ရောက်တပ်စွဲထားတယ်။ မြို့နေရာအနှံ့မှာလည်း ဒရုန်းနဲ့ ဗုံးကျဲခံရမှာစိုးလို့ ဒရုန်းဖြတ်စက်တွေ အောင်လံမြို့ပေါ် နေရာတော်တော်များများမှာ ချထားတယ်” ဟု ဌာနဆိုင်ရာဝန်ထမ်းသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က အောင်လံမြို့၊ တရော်ကုန်းရပ်ကွက်၊ အောင်မြင်ရွှေဝါ ဘောလုံးကွင်း၊ ခန်းမဆောင်တွင် Non-CDM ဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံကာ ရွေးကောက်ပွဲတွင် မဲပေးကြရန် စည်းရုံးဟောပြောမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – အောင်လံမြို့အဝင် စစ်ဆေးရေးဂိတ်ကို တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အောင်လံမြို့အဝင် စစ်ဆေးရေးဂိတ်ကို တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article