29.6 C
Yangon

မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် ဒီဇယ်ဆီ လီတာ ၆၀,၀၀၀ နှင့် ကုန်တင်ကား ၆ စီးကို ထိုင်းစစ်တပ်က ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၂၀

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရ မြို့နယ်တွင် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်၍ တရားမဝင် ခိုးထုတ်ရန် ပြင်ဆင်နေသည့် ဒီဇယ်ဆီ လီတာ ၆၀,၀၀၀ နှင့် ကုန်တင်ကား ၆ စီးကို ထိုင်းစစ်တပ်က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းစစ်တပ်က သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၁၉ ရက်နေ့ ည ၈ နာရီအချိန် ထိုင်းအာဏာပိုင်များ ပူးပေါင်း၍ စစ်ဆေးမှု ပြုလုပ်နေစဉ် ဒီဇယ်ဆီများ တင်ဆောင်ထားသည့် ကုန်တင်ကား ၆ စီးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ၊စစ်ဆေးချက်များအရ ဒီဇယ်ဆီများကို တာပေါ်လင်စများဖြင့် ဖုံးအုပ်ထားခြင်း ဖြစ်ပြီး ကုန်တင်ယာဉ်မောင်း ၆ ဦးကို ဖုတ်ဖရမြို့နယ် ရဲစခန်းတွင်ထိန်းသိမ်းထားကြောင်း၊ ဖမ်းမိသူများသည် အဆိုပါ ဒီဇယ်ဆီများကို မြန်မာနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ဝန်ခံခဲ့ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် ဒီဇယ်ဆီ စုစုပါင်းသည် လီတာ ၆၀,၀၀၀ ရှိပြီး ထိုင်းစစ်တပ်က ဆီများကိုလည်း သိမ်းဆည်းကာ ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထိုင်းသတင်းဖော်ပြချက်များအရ သိရှိရသည်။

ဖမ်းဆီးခံရသူများသည် အမည်ဖော်ပြချက်အရ ထိုင်းနာမည်များဖြစ်ပြီး မြန်မာနိုင်ငံတွင်းသို့ မည်သို့ မည်ပုံ ဒီဇယ်ဆီများ သယ်ယူမည်ကို ဖော်ပြထားခြင်း မရှိပေ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article