ရန်ကုန်၊ ဩဂုတ် ၂၀
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်နှင့် ကနီ မြို့နယ်တို့တွင် ကျောက်စိမ်းများ သယ်ဆောင်လာသည့် စစ်သင်္ဘော အုပ်စုကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၉ ရက်နေ့တွင် ခန္ဓီးမြို့နယ်ဘက်မှ ကျောက်စိမ်းများ တင်ဆောင်လာသော ရေယာဉ် ၂၈ စီးပါ စစ် သင်္ဘော အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များက မင်းကင်းမြို့နယ်နှင့် ကနီမြို့နယ် အကြားတွင် ၁၀၇ မမ ရှော့တိုက်ဒုံးများ၊ ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ခန္ဓီးမြို့နယ်ဘက်က ကျောက်စိမ်းတွေ တင်ဆောင်လာပြီး မော်လိုက်နဲ့ ကလေးဝဘက်က စုန်လာတာပေါ့။ သင်္ဘောက ၂၈ စီးပါတယ်။ စစ်ခွေး အင်အားတွေ အများအပြားပါတယ်လို့သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ထိုးစစ်ဆင်ဖို့ အင်အားပြန်လည်ဖြည့်တင်းနိုင်ဖို့ ပြန်လည်ခေါ်ဆောင်ခဲ့တဲ့ သဘောပဲ စစ်ခွေး သေစာရင်း ပျက်စီး စာရင်းမသိရပါဘူး။ စစ်ခွေး သင်္ဘောတွေကတော့ ပျက်စီးနိုင်ပါတယ်။ မြုပ်သွားလောက်သည်ထိတော့ မထိရောက်ခဲ့ဘူး။ ကျနော်တို့ ပစ်ခတ်တိုက်ခိုက်ပြီး ခွေးတွေဘက်မှာ ပွိုင့် ၅ နဲ့ ကောင်တာပြန်ပစ်လို့ တန်းပြီးပြန်ဆုတ်ခဲ့ရပါတယ်။ ချင်းတွင်းမြစ်ကမ်းတောက် လျှောက် ကျေးရွာတွေ အကုန်တိမ်းရှောင်နေရတာပါ။ သူတို့နဲ့ အကျိုးတူ စီးပွားရေး ကုမ္မဏီတွေအတွက် ကျောက်စိမ်းတွေ သယ်လာတာ ကျနော်တို့ ကြားသိထားတာတော့ ခန္ဓီးမြို့ဘက်က ကုမ္မဏီ ၃ ခု လောက်ရဲ့ ကျောက်စိမ်းတွေ တင်ဆောင်လာတယ်လို့ ကြားတယ်။ လူအင်အားတွေပါလာတယ်။ အဲဒီလိုတော့ ကြားပါတယ်” ဟု မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း ၃ မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၃)တပ်ရင်းမှဦးဆောင်၍ တပ်ခွဲ2mahauurarDragon/ကနီမြို့နယ်မဟူရာကျားပြည်သူကာကွယ်ရေးတပ်ဖွဲ့နှင့် မုံရွာခရိုင်အမှတ်(၁၈)တပ်ရင်းJustice Brothers Forceအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက် ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း BDL PDF တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော အင်အား ၈၄ ဦးပါ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက အသင့်စောင့် ကြိုတိုက်ခိုက်ခဲ့ရာ အပြန် အလှန် ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးကာ တပ်ခွဲမှူးဟု ယူဆရသူ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း -၁၆(ဘီလူးစစ်ကြောင်း)နှင့်အတူ မုံရွာခရိုင် ပကဖ အထူး တိုက်ခိုက်ရေးအဖွဲ့ Danger Force ၊တိုက်နယ် ပကဖ အင်အားစုများနှင့် local တပ်ပေါင်းစုများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



