28.9 C
Yangon

ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်မှု ကလေးငယ်များ အပါ အဝင် စစ်ဘေးရှောင် ပြည်သူ ၂၀ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၂၀

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက် ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က နောင်ပိန် စေတီအနီးကို လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အရေ အတွက် ပိုမိုများပြားနိုင်ကြောင်း သိရှိရသည်။

“ပြည်သူထိခိုက်သေဆုံးမှုများပါတယ်။ သေဆုံးသူတွေမှာ နောင်ချိုဘက်က စစ်ဘေးရှောင်လာသူတွေလည်းပါတယ်။ ကျနော်တို့ သတင်းကြားတာကတော့ အနည်းဆုံး ပြည်သူ ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိတယ်လို့သိရတယ်။ အရေအတွက် အတိ အကျကိုတော့ အတည်မပြုနိုင်သေးဘူး။ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူအရေအတွက်ပိုများနိုင်တယ်။ လေယာဉ်ကော လက်နက်ကြီးတွေနဲ့ ပါစစ်ခွေးတွေက ပစ်ခတ်နေတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် နောင်ပိန်ရွာတွင် ကျန်ရှိနေသော ပြည်သူ အားလုံး ထွက်ပြေး တိမ်းရှောင်နေရပြီး မြေပြင်တွင် အကြမ်းဖက် စစ် တပ် နှင့် တော်လှန်ရေး တပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်နေကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဩဂုတ်လ ၁၈ ရက်နေ့တွင် နောင်ပိန်ရွာနှင့် ၁ မိုင်ခန့်သာ ကွာဝေးသော ထန်းပင်ကုန်းရွာကို အင်အား ၈၀၀ ခန့်ပါ ရောက်ရှိလာပြီးနောက် လက် နက်ကြီးများဖြင့် စတင်ပစ်ခတ် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article