ဒီကနေ့ ဩဂုတ် ၂၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို KIA ၊ KNU၊ အာရက္ခတပ်တော် AA ၊ KNPP အပါအဝင် တော်လှန်ရေးအင်အားစုတွေက လက်မခံဘူးလို့ တရားဝင် ကြေညာထားပြီးဖြစ်တဲ့အတွက် စစ်တပ်ရဲ့ ဥပဒေမဲ့လုပ်ရပ်တွေမှာ ပူးပေါင်းပါဝင်တာတွေ မလုပ်ကြဖို့ NUG က ထပ်မံသတိပေးလိုက်ပါတယ်။
- အကြမ်းဖက် မင်းအောင်လှိုင်က သူမွေးဖွားခဲ့ရာ မင်းဘူးမြို့ကို အကျော်အမော်တွေ မွေးဖွားရာ၊ ယဉ်ကျေးမှု အမွေအနှစ်တွေ ထွန်းကားတည်ရှိရာနဲ့ သမိုင်းအစဉ်အလာကြီးမားတဲ့ မြို့တစ်မြို့အဖြစ် တင်စား ပြောဆိုလိုက်ပြန်ပါတယ်။
- မကွေးတိုင်းကို ရောက်နေတဲ့အကြမ်းဖက် မင်းအောင်လှိုင်က အောင်လံမြို့ကိုပါ လာရောက်ဖို့လုပ်နေပြန်တဲ့အတွက် မင်းအောင်လှိုင်ရဲ့ လုံခြုံရေးအတွက် ဆိုပြီး စာသင်ကျောင်းတွေအားလုံးမှာ စစ်တပ်က ဝင်ရောက်တပ်စွဲပြီးတော့ တစ်မြို့လုံးကို ဒရုန်း Jammer တွေနဲ့ Drone Guards တွေချထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
