28.9 C
Yangon

မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာ စစ်စခန်းကို သိမ်းပိုက်ရရှိမှု ခေါင်းဆောင် အပါအဝင် ပျူစောထီးနှင့်မိသားစုဝင် ၁၉၀ ဦး ဖမ်းဆီးရရှိ၊ စစ်သားအလောင်း ၃ လောင်းနှင့် လက်နက် ၂၃ လက်ကို ခဲယမ်းများနှင့်အတူ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၂၀

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာ စစ်စခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိခဲ့ရာ ပျူစောထီး ခေါင်းဆောင် အပါအဝင် ပျူစောထီးနှင့်မိသားစုဝင် ၁၉၀ ဦး ဖမ်းဆီးရရှိကြောင်း အမှတ် ၁ စစ်ဒေသက တရားဝင် သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၁၅ ရက်နေ့ စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်ရှိ ပျူခေါင်းဆောင် အဲပန် ဦးစီးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေချနေထိုင်သည့် ထော်သာရွာ (ပျူစောထီး) စခန်းကို မော်လိုက်ခရိုင် တပ်ရင်း ၂၊ ၄ နှင့် ဖောင်းပြင်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထော်သာရွာစစ်စခန်းကို တိုက်ခိုက် သိမ်းပိုက်နေစဉ် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော ဖလက်ခွံများပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၃၀ ခန့်နှင့် တောင်းအင်ရွာမှ စစ်အင်အား ၅၀ ခန့်သည် စစ်ကူပေးရန် အင်းတပေါင်းရွာသို့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့‌သော်လည်း တော်လှန်ရေးတပ်များက ထော်သာရွာအား အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အလောင်း ၃ လောင်း ရရှိပြီး ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ပျူစောထီး ခေါင်းဆာင် အဲပန် အပါ ပျူစောထီးများ၏ မိသားစုဝင် ၁၉၀ ဦးကို ဖမ်းဆီးရမိပြီး ပျူစောထီးအဖွဲ့ဝင် ၂၀ ခန့် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ စစ်စခန်းအတွင်းမှ ၆၀ မမ စိန်ပြောင်းနှင့် RPG အပါ လက်နက် ၂၃ လက်၊ ခဲယမ်းအချို့နှင့် ငွေကျပ် သိန်း ၁၅၀ ကျော် သိမ်းဆည်းရမိကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း တံတားဦးလေတပ်မှ တက်လာသော Yak-130 ၁ စီးဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်ရေယာဉ်များပေါ်မှလည်း ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article