ရန်ကုန်၊ ဩဂုတ် ၂၀
အကြမ်းဖက်စစ်ကာင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို အားပေးသူ၊ ပူးပေါင်းသူ၊ ပူးပေါင်းပါဝင်ရန် စည်းရုံးသူ မည်သူ့ကိုမဆို ထိရောက်ပြင်းထန်စွာ တုံ့ပြန် အရေးယူမည်ဟု သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃ တပ်ရင်းမှ ရဲဘော်ကိုချမ်းက ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီမှာ စစ်ရေးအရ အားနည်း၍ ရှုံးလုရှုံးခင်ဖြစ်နေချိန် စစ်မှုထမ်းဥပဒေပြဌာန်းကာ အတင်းပေါ်တာဆွဲ၍ ပြည်သူများကို စစ်မြေပြင်သို့ ပို့ဆောင် စေလွှတ်ခဲ့ကြောင်း၊ ယင်းလုပ်ရပ်ကြောင့်ပင် အာဏာရှင်တပ်မှာ အင်အားဖြည့် တင်းနိုင်ခဲ့ပြီး တော်လှန်ရေးကို အနည်းငယ် အခက်တွေ့စေ၊ ကြန့်ကြာစေခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃ တပ်ရင်းက ထုတ်ပြန်သည်။
လက်ရှိတွင် အကြမ်းဖက် စစ်အာဏာရှင်သည် အတုအယောင် ရွေးကောက်ပွဲကို အတင်းအဓမ္မဆောင်ရွက်၍ ၎င်း၏ ရက်စက်ယုတ်မာမှုများကို ဖုံးကွယ်ကာ တရားဝင်မှုဖြစ်အောင် တည်ဆောက်လျက်ရှိကြောင်း၊ မြိတ်ခရိုင် အမှတ်(၃)တပ်ရင်းအနေဖြင့် အာဏာရှင်အလိုကျအတိုင်း မဖြစ်ပေါ်ရလေအောင် ပြင်းပြင်းထန်ထန် ဆောင်ရွက်မည်ဖြစ်ကြောင်း သတိပေးသည်။
ထို့ကြောင့် ကြေညာချက်ကို မလိုက်နာပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များအတွက် မလိုက်နာသူ၏ တာဝန်သာလျှင်ဖြစ် ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် ၃ တပ်ရင်းက ဆက်လက် သတိပေးထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
