30.9 C
Yangon

စစ်တပ် သိမ်းပိုက်ရရှိပြီဟု ဝါဒဖြန့် ထားသော ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲများဆက်လက်ပြင်းထန်

Must read

ရန်ကုန်၊ ဩဂုတ် ၂၁

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ကို စစ်တပ်က သိမ်းပိုက်ရရှိပြီဟု ဝါဒဖြန့် သတင်းထုတ်ပြန်နေသော်လည်း လက်ရှိအချိန်အထိ ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၄ ရက်နေ့မှစ၍ ဒီးမော့ဆိုမြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်ကောင် စီတပ်က လက်နက် ကြီး၊ ဒရုန်းတို့ဖြင့် ပြည်သူလူထုနေထိုင်ရာ ကျေးရွာများ၊ ရပ်ကွက်များအတွင်းသို့ အလွန်အကျွံ ပစ် ခတ်တိုက်ခိုက်ပြီး မြေပြင်မှလည်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ ဩဂုတ်လ ၁၉ ရက်နေ့က ဒီးမော့ဆိုမြို့တွင်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကရင် နီတော်လှန်ရေးတပ်ဖွဲ့များနှင့်အကြမ်းဖက်စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

“ဒီးမော့ဆိုမြို့ လမ်းခွအထိရောက်နေပြီ။ သူတို့နေရာဟောင်းလို့ ပြောလို့ရတာပေါ့။ သူတို့က လမ်းခွ အထိ ရောက်နေပြီဆိုတော့ ဖရူဆိုဘက်ကို ဦးတည်နေတယ်။ ဖရူဆိုဘက်ကို ဆက်ထိုးဖို့များမယ် ထင်တယ်။ ဒီးမော့ဆိုမြို့နယ်ရဲ့ ၆၀ ရာခိုင်နှုန်းလောက် သူတို့ဆီပါသွားတာ၊ ကျနော်တို့ဘက်က ၄၀ ရာခိုင်နှုန်းလောက်ပဲ ထိန်းချုပ်နိုင်တဲ့သဘောပေါ့။ စစ်တပ် စစ်ကြောင်းတွေကတော့ ဆက်တိုးနေတုန်းပဲ၊ တိုက်ပွဲလည်း ဆက်ပြင်းထန်နေတယ်။ ဒီးမော့ဆိုမြို့ထဲမှာလည်း တိုက်ပွဲဖြစ်နေတယ်၊ နောက်ပြီး တော့ ဖရူဆိုဘက်လည်း စစ်ကြောင်းက ဦးတည်နေတယ်။ ကိုယ့်ဘက်ကလည်း ပေးဆပ်ရတာရှိတာ ပေါ့။” ဟု ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မြေပြင်၊ ဝေဟင်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင် ရောက်မှုကြောင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ပြည်သူထောင်ချီကာ စစ်ဘေးရှောင်နေရကြောင်း နှင့် စစ်ဘေးရှောင်စခန်းများကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိ ခိုက်သေဆုံးသူများလည်းရှိကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်က ဒီးမော့ဆိုမြို့ပေါ်ကို ယခုအခါ လုံခြုံရေး အထူအထပ်ချထားပြီး မြို့ကို လက်မလွှတ်တော့ရန် ပြင်ဆင်နေမှုများ မြင်နေရကြောင်း၊ လတ်တလော စစ်တပ်စစ်ကြောင်းများက ဒီးမော့ဆိုမြို့ ဧရိယာကို ဦး စားပေး ကာကွယ်ထားသည့် အနေအထားမြင်တွေ့ရကြောင်း ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

“ဒီးမောဆိုမြို့ဧရိယာကိုတော့ သူတို့က ပိုင်ပိုင်နိုင်နိုင် ဖြစ်အောင် ကာထားတယ်။ မြို့ ရဲ့ ဌာနဆိုင်ရာ အဆောက် အအုံပျက်တွေထဲမှာ သူတို့ စစ်သားတွေ ဝင်ပြီး တပ်စွဲထားတာ မြင်ရတယ်” ဟု ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article