30.4 C
Yangon

မင်းလှမြို့နယ်၊ ခလရ ၁ တပ်ရင်းကို PDF က တိုက်ခိုက်မည်ကို စိုးရိမ်၍ တပ်ရင်း ပတ်ပတ်လည်တွင် မြေတူး နင်းမိုင်းများ ထောင်ထား

Must read

ရန်ကုန်၊ ဩဂုတ် ၂၁

ပဲခူးတိုင်း၊ မင်းလှမြို့နယ် ခလရ ၁ တပ်ရင်းကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်မည်ကို စိုးရိမ်၍ အကြမ်း ဖက် စစ်တပ်က တပ်ရင်း ပတ်ပတ်လည်တွင် မြေတူးပြီး နင်းမိုင်းများ လိုက်ထောင်ထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လပိုင်းမှ စတင်၍ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာ အခြေစိုက် ခလရ ၁ တပ်က PDF တပ်ဖွဲ့များ လာရောက် တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် တပ်ရင်း ပတ်ပတ်လည်ကို ပြည်သူပိုင် မြေတူးစက်များ ငှားရမ်း၍ ကျင်းများ တူးဖော်နေကြောင်း သိရသည်။

လက်ရှိအချိန် တပ်ရင်း ပတ်ပတ်လည်ကို မြေတူးဖော်ပြီးသွား၍ နင်းမိုင်း အမြောက်အများ လိုက်ထောင်နေကာ စိန်ကန့်လန့်ရွာ အနီးရှိ ကျေးရွာချင်းဆက် လမ်းပိုင်းများကိုပါ မြေတူး၍ လိုက်လံ ဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ခလရ ၁ တပ်ရင်းတွင် စစ်သားအများစု ရှေ့တန်းထွက်နေကြပြီး တပ်ရင်းတွင် အိမ်ထောင်သည် အမျိုးသမီးများနှင့် ဒဏ်ရာရစစ်သား များသာ ကျန်ရှိတော့ကြောင်း၊ PDF တပ်ဖွဲ့များ လာရောက် တိုက်ခိုက်လျှင် ပြန်လည် ခုခံနိုင်ခြင်းမရှိခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

“ခလရ ၁ တပ်ရင်းက လူမကျန်တော့ဘူး။ မုဆိုးမတွေနဲ့ ခြေပြတ်လက်ပြတ်တွေပဲရှိတော့တယ်။ သူတို့ကို PDF က လာတိုက်ရင် ပြန်ပြီး မခုခံနိုင်မှာကို ကြောက်လန့်ပြီး တပ်ရင်းပတ်ပတ်လည်ကို မြေတူးပြီး နင်းမိုင်းတွေ လိုက်ထောင်နေတယ်။ မြေတူးတာဇွန်လတည်းက စပြီးတူးနေတာ အခုတော့ အကုန်ပြီးသွားပြီး သူတို့ မြေတူးထားတဲ့ နေရာနားမှာ နင်းမိုင်းတွေ အများကြီးပဲ လိုက်ထောင်နေတာ ရွာချင်းဆက် လမ်းတွေကိုလည်း စစ်ခွေးတွေက မြေတူးစက်နဲ့ လိုက်လံဖျက်ဆီးနေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article