ဒီကနေ့ ဩဂုတ် ၂၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီက သူတို့စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ၆၃ မြို့နယ်ထဲက ရွေးကောက်ပွဲ ကျင်းပနိုင်အောင် မြို့ပေါ် ဧရိယာတွေကို ဦးစားပေး တိုက် ခိုက်သိမ်းယူဖို့ စီမံချက်နဲ့ လုပ်နေပြန်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ထိန်တော ကျေးရွာနေ အသက် ၇၀ အရွယ် အဖွားအို ၁ ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး လည်ပင်းညစ် သတ်ဖြတ်ပြီးတော့ ပြည်သူ ၄ ဦးကိုလည်း မီးရှို့ သတ်ဖြတ်ခဲ့ပြန်တယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ကချင်ပြည်နယ် ဗန်းမော်မြို့မှာ တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ တင့်ကား ၁ စီးကိုပါ KIA ပူးပေါင်းတပ်တွေက ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်က မြို့ပေါ်ကနေ ပြန်လည် ဆုပ်ခွာသွားရပြီလို့ KIA ရဲ့ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်မှာ အရပ်ဝတ်နဲ့ တော်လှန်ရေးတပ်တွေရဲ့ သတင်းကို လိုက်လံ စုံစမ်းနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ တပ်ကြပ်ကြီး ကျော်မြင့်သွင်ဆိုသူကို တော်လှန်ရေးရဲဘော်တွေက အရှင်ဖမ်းဆီးရမိပေမယ့် ခုခံထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးရာမှာ ပွဲချင်ပြီးကို သေသွားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
