ရန်ကုန်၊ ဩဂုတ် ၂၁
မွန်ပြည်နယ်၊ ရေးမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ၂ ကြိမ် တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Mon State Revolutionary Force – MSRF မှ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခန့်နှင့် ညနေ ၅ နာရီခန့်တွင် ရေးမြို့နယ် မြောက်ပိုင်း အောင်သပြေကျေးရွာ အနီးကို စစ်ကြောင်းထိုးနေသော ခမရ ၅၈၈ ၊ ခလရ ၁၀၆ ၊ အမတ ၃၁၇ တပ်ရင်း တို့မှ အင်အား ၁၅၀ ခန့် ပါရှိသော စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁ ဦး သေဆုံးကာ KNLA တပ်ရင်း (၂၇) တပ်ခွဲ ၁ မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။
“သူတို့က တပ်ရင်း ၃ ရင်းက စစ်ခွေး အင်အား ၁၅၀ လောက်နဲ့စစ်ကြောင်းထိုးလာတာပါ။ ထိတွေ့တိုက်ပွဲက ၂ ကြိမ်ဖြစ်ခဲ့တယ်။ မနေ့က ထိတွေ့တိုက်ပွဲမှာ ရန်သူဘက်ကနေပြီးတော့ ၁ ယောက် သေဆုံးခဲ့တယ်။ ဒါကတော့ မျက်မြင် အတည်ပြုနိုင်ခဲ့တာ ဖြစ်တယ်။ နောက်ပြီးတော့ တိုက်ပွဲမှာလည်း ရန်သူဘက်နေ ၄၊ ၅ယောက်လောက် ထိခိုက်ဒဏ်ရာ ရရှိတယ်။ ပြီးတော့ ထိခိုက်သေဆုံးမှုအခြေအနေကို ကျွန်မတို့ ဆက်လက်စုံစမ်းနေဆဲပါတယ်။ စစ်ခွး အရှင်းဖမ်းမိတာမျိုး မရှိပါဘူး။ မနေ့တိုက်ပွဲမှာဆိုရင် ကျွန်မတို့ မဟာမိတ် တော်လှန်ရေး တပ်ဖွဲ့ဘက်က ရဲဘော် ၁ ဦးလည်း ကျဆုံးခဲ့ရတယ်ပေါ့ ” Mon State Revolutionary Force – MSRF မှ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များတွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညမွန်တပ်တော် (RMA) နှင့် KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
