24.7 C
Yangon

စစ်တပ်၏ ရွေးကောက်ပွဲကို နိုင်ငံရေး၊ စစ်ရေး၊ လူထုလှုပ်ရှားမှု အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တိုက်ပွဲဝင်ကြရန် ကယန်းအမျိုးသားတပ်မတော်- KNAက ကြေညာ

Must read

ရန်ကုန်| ဩဂုတ် ၂၂

အကြမ်းဖက်စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ပွဲဝင်ကြဖို့ ကယန်းအမျိုးသားတပ်မတော် (KNA) က ဩဂုတ်လ ၂၀ ရက်နေ့မှာ သဘောထားကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အာဏာသိမ်းစစ်အုပ်စုက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံရေး၊ စစ်ရေး၊ လူထုလှုပ်ရှားမှု စတဲ့ နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ပွဲဝင်သွားကြဖို့ တောင်းဆိုတယ်လို့ KNAက ဆိုပါတယ်။

စစ်ရာဇဝတ်မှုကို အကြိမ်ကြိမ်ကျူးလွန်နေပြီး ပြည်သူလူထုအပေါ် လက်နက်အားကိုးနဲ့ အကြမ်းဖက်သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးအတွက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီစံနှုန်းတွေအရ ပြည်သူတွေရွေးကောက်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လူထုအစိုးရတရပ်ကသာ ရွေးကောက်ပွဲကျင်းပပိုင်ခွင့် အာဏာရှိတာကြောင့် ပြည်သူလူထုသဘောဆန္ဒမပါဘဲ ပြုလုပ်နေတဲ့ စစ်ကော်မရှင်ရဲ့ အတွေအခေါ်အရဖြစ်စေ၊ လုပ်ဟန်အရဖြစ်စေ ပြတ်ပြတ်သားသားဆန့်ကျင်တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)က ကြေညာပါတယ်။

ကယန်းလူထုအခြေပြု လက်နက်တော်လှန်ရေးတပ်တွေကို စုစည်း၍ ကယန်းအမျိုးသားတပ်မတော်(KNA)ကို အခြေခံမူ ၉ ချက်၊ အမျိုးသားရည်မှန်းချက် ၅ ချက်ဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် တပ်ရင်း ၈ ရင်းနဲ့ ဖွဲ့စည်းခဲ့ထားတာ ဖြစ်ပါတယ်။

ကယန်းအမျိုးသားတပ်မတော်ကို လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံဒေသနဲ့ အခြားကယန်းဒေသတွေရှိ ပြန့်ကျဲနေတဲ့ ကယန်းလက်နက်ကိုင်တွေကို တစုတစည်းတည်း ပြန်လည်ပေါင်းစည်းပြီး အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့ ဖွဲ့စည်းခဲ့တာလည်းဖြစ်ပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article