30.3 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၂၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အမျိုးသားညီညွတ်ရေးအစိုးရဆီကို ၇ လတာအတွင်း စစ်တပ်ဘက်က ဗိုလ်မှူး ၂ ဦး အပါအဝင် ၄၀၉ ဦး အလင်းဝင်ရောက်ခဲ့တယ်လို့ NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
  • အကြမ်းဖက်စစ်တပ်က စစ်ကောင်စီကနေ ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ စစ်ကော်မရှင်ကို ကနေဒါ၊ အီးယူ၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့က ဒဏ်ခတ်အရေးယူဖို့ Justice for Myanmar -JFM က တောင်းဆိုလိုက်ပါတယ်။
  • ချင်းပြည်နယ်၊ ကန်ပက်လက်၊ မင်းတပ်နဲ့ မတူပီမြို့နယ်တွေကို ဦးတည်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တင့်ကား ၂ စီးနဲ့ စစ်ကား ၁၃၆ စီးပါစစ်ကြောင်းကြောင့် ဆွဲလွဲကျင်း -ကျင်ဒွေးလမ်းပိုင်းနဲ့ ဆော-ကန်ပက်လက်လမ်းပိုင်း အပါအဝင် လမ်းပိုင်းတွေကို ယာယီပိတ်ပင်လိုက်တယ်လို့ CNO/CNDF ပြောရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။
  • တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ မေတ္တာမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးကျော် သေဆုံးပြီး ထောက်ပို့စစ်ကား ၈ စီး ပျက်စီးခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article