30.3 C
Yangon

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၂၂

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ ၊ အမှတ် ၁၀ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန် မြင်းခြံမြို့နယ် ၊ ဆုံရွာပျူစခန်းမှ ငါန်း မြာရဲစခန်းဘက်သို့ ထော်လာဂျီ ၁ စီး ၊ ဆိုင်ကယ် ၃ စီးတို့ဖြင့် ထွက်လာသော အကြမ်းဖက်စစ်သား များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အလစ်အငိုက်ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် သား ၁၀ ဦးကျော်သေဆုံးခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများထံမှ G3 အမျိုးအစား သေနတ် ၃ လက် ၊ MA-11 အမျိုးအစား သေနတ် ၁ လက် ၊ ကျည် ဘောက် ၃ ဘောက် နှင့် G3 ကျည် ၁၆ တောင့်တို့တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ဆုံရွာကနေ ငါန်းမြာရဲစခန်းကို သွားတဲ့စစ်ကြောင်းပါ။ တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာ သေဆုံးသွား တဲ့အလောင်းတွေမြင်နေရတယ်။ နယ်မြေရှင်းလင်းနိုင်တဲ့နေရာအထိတော့ အလောင်းတချို့နဲ့ လက် နက်တော့ရခဲ့ပါတယ်။ စစ်ကူစစ်ကြောင်းကြောင့် ကျန်တဲ့အလောင်းတွေကိုသွားရောက် ကောက်ယူ နိုင်တာမရှိပဲ ပြန်ဆုတ်ခဲ့တာပါ။” မြင်းခြံခရိုင်အမှတ် ၄ ၊ အမှတ် ၁၀ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့သို့ တိုက်ခိုက်ခံရမှုကြောင့် ကစဉ့်ကလျားထွက်ပြေးသွားသော စစ်သားများကို လိုက်လံ ရှင်းလင်း နေစဉ် မြင်းခြံမြို့နယ် ၊ ဆုံရွာ နှင့် ငါန်းဇွန်မြို့နယ် ၊ ငါန်းမြာရဲစခန်း တို့မှ စစ်ကောင်စီတပ်များ ရောက် ရှိခဲ့သောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်း နှင့် ပူး ပေါင်းအဖွဲ့များဖြစ်သော မန္တလေးခရိုင် တပ်ရင်း ၅ ၊ ကျားမင်း (LPDF) ၊ ငန်းနက် (LPDF) ၊ မြောက် ပိုင်းသား (LPDF) နှင့် အမရပူရ (ပကဖ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“စကစဘက်က အထွေထွေထိုးစစ်ကာလကြီးမှာ မိဘပြည်သူတွေအနေနဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေ ကို လက်နက် ပံ့ပိုးပေးကြဖို့၊ ဒီစကစရဲ့ထိုးစစ်ကို စိတ်ဓာတ်မကျပဲ အတူတူရင်ဆိုင်ကျော်ဖြတ်ကြဖို့ တိုက်တွန်းလိုပါတယ်” မြင်းခြံခရိုင်အမှတ် ၄ ၊ အမှတ် ၁၀ တပ်ရင်းမှ တာဝန်ရှိသူက ပြောဆို သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article