မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ လေးတိုင်စင်ရွာ မူကြိုကျောင်းနှင့် ဆေးခန်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဩဂုတ်လ ၂၁ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်အချိန် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေးတိုင်စင်ရွာ မူကြိုကျောင်းနှင့် ဆေးခန်းကို လေယာဉ်ဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ မူကြိုကျောင်းနှင့် ဆေးခန်း အဆောက် အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“မူကြိုကျောင်းနဲ့ ဆေးခန်း အဆောက်အဦးတွေ ထိခိုက်ပျက်စီးတယ်။ မနေ့က ည ၁၀ နာရီ ၃၀ မိနစ်မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်သွားတာပါ။ လေးတိုင်စင်ကျေးရွာကိုပါ ပြည်သူသေဆုံးတာတော့ မရှိပါဘူး။ ပြည်သူ ၂ ဦးတော့ ထိခိုက်ဒဏ်ရာရတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
အလားတူ ဩဂုတ်လ ၈ ရက်နေ့ကလည်း ရေနံချောင်းမြို့နယ်၊ လည်ကျည်းရိုးကျေးရွာ ကိုးတောင်ပြည့်ဘုရားဝင်းကို အကြမ်း ဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် စေတီများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




