တနင်္ဿာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မိုးရွှေဂူရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ရွာလုံးကျွတ် မီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်း မိုးရွှေဂူရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း ၊ ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်း ပြည်သူပိုင် နေအိမ်များကို စိတ်ကြိုက် ဝင်ရောက် မွှေနှောက်ပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရပြီး ပြည်သူများ ထိခိုက်မှု အခြေအနေနှင့် ဖမ်းဆီးခံရသူများ ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“သရက်ချောင်းမြို့နယ်ထဲက မိုးရွှေဂူရွာကို စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ကျေးရွာထဲကို ၀င်ရောက်စီးနင်းနေတာ နေအိမ်တွေကိုလည်း ရွာလုံးကျွတ် မီးရှို့ထားတယ်။ မီးခိုးလုံးကြီးတွေ ၅ နေရာလောက်က တပြိုင်တည်း တက်လာတာကို မြင်နေရတယ်။ ပြည်သူတွေ ထိခိုက်မှု ရှိမရှိနဲ့ ဖမ်းဆီးခံရသူတွေ ရှိမရှိဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေကတော့ ရွာလုံးကျွတ်ကို ထွက်ပြေး တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် မိုးရွှေဂူရွာအပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပြီး စစ်တပ် စစ်ကြောင်းက လက်ရှိအချိန်အထိ မိုးရွှေဂူရွာတွင် ရှိနေသေးကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
