32.3 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၂၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် မင်းအောင်လှိုင်က သူတို့စစ်တပ်ကလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲမှာ ပြည်သူတွေကို မဖြစ်မနေ မဲထွက်ပေးအောင် အခုကတည်းက နည်းလမ်းမျိုးစုံနဲ့ လုပ်ကြဖို့ အမိန့်ပေးနေပြန်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီတပ်က လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံရေး၊ စစ်ရေး အပါအဝင် နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ပွဲဝင်ကြဖို့ ကယန်းအမျိုးသားတပ်မတော်- KNA က ကြေညာလိုက်ပါတယ်။
  • မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တယ်လီနော ကုမ္ပဏီက သုံးစွဲသူတွေ အဖမ်းခံနိုင်ရ မှန်းသိသိနဲ့ ဒေတာအချက်အလက်တွေကို စစ်အုပ်စုလက်ထဲ ပေးအပ်ခဲ့ပြီး အဲဒီထဲမှာ စစ်အုပ်စုက အဓမ္မ အကျဥ်းချထားတဲ့ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ပါ ပါဝင်တယ်လို့ သိရပါတယ်။
  • မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ အမှတ် ၁၃ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းကို တော်လှန်ရေးတပ်တွက ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲ အနေနဲ့ စစ်ကောင်စီဘက်က နည်းပြ အရာရှိ ၃ ဦး အပါအဝင် ၂၁ ဦး အသီးသီး သေကုန်ကြတဲ့အပြင် အဆောင် ၄ ခုပါ မီးလောင် ပျက်စီးသွားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article