32.3 C
Yangon

ဒီးမော့ဆိုမြို့ဧရိယာတွင် စစ်တပ်က ဟိုတစ်စု၊ ဒီတစ်စုဖြင့် နေရာယူပြီး တော် လှန်ရေးတပ်များက ပြောက်ကျားစနစ်ဖြင့် ပြန်လည်တိုက်ခိုက်နေသဖြင့် စစ်သားများ သေဆုံးထိခိုက်မှုများပြားနေဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် ပြော

Must read

ရန်ကုန်၊ ဩဂုတ် ၂၂

အကြမ်းဖက်စစ်တပ်က ထိန်းချုပ်ထားပြီးဟု ကြေညာထားသော ဒီးမော့ဆိုမြို့ဧရိယာတွင် စစ်တပ်က ဟိုတစ်စု၊ဒီတစ်စုဖြင့် နေရာယူထားပြီး တော်လှန်ရေးတပ်များကလည်း ပြောက်ကျားစနစ်ဖြင့် ပြန်လည်တိုက်ခိုက်နေသဖြင့် စစ်တပ်ဘက်မှ သေဆုံးမှုများပြားနေဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိ ဒီးမော့ဆိုမြို့ဧရိယာတွင်ပင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက် သေဆုံးမှုများပြားနေကြောင်း ၊ ဩဂုတ်လ ၁၉ ရက်နေ့က ဒီးမော့ဆိုမြို့တွင်းသို့ ဝင်ရောက်ရှိလာသော အကြမ်းဖက်စစ် ကောင်စီတပ် သားများသည် ၎င်းတို့ရောက်ရှိရာနေရာများ၌ ဟိုတစ်စု၊ ဒီတစ်စုနေထိုင်ကာ ဒီးမော့ဆိုမြို့ကို ထိန်း ချုပ်နိုင်သည် ဟု ဝါဒဖြန့်နေခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဒီးမော့ဆို မြို့လမ်းခွအနီး၌ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုအများအပြားရှိကြောင်း သိရသည်။

“ဒီးမော့ဆိုမှာက တိုက်ပွဲဆက်ဖြစ်နေတုန်းပါ။ စကစဘက်က သေဆုံးဒဏ်ရာရတာတွေများတယ်။ သူတို့ထိန်း ချုပ်တယ်လို့ ပြောတာက ပြောချင်သလိုပြောနေတာ။ သူတို့က တစ် နေရာမှာ သုံးလေးဆယ်၊ လေးငါးဆယ်နဲ့ အဲလိုမျိုးနေနေကြတာပါ။ ထိန်းချုပ် နိုင်တယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့်သူတို့က ထိန်းချုပ်နိုင်ပြီလို့ သတင်း လွှင့်တာလည်း ပါမှာ ပေါ့လေ။ ဒီးမော့ဆိုတခွင်မှာက တိုက်ပွဲကတော့ ဖြစ်နေတယ်။ ဖရူဆိုဘက်ကို စစ်တပ်က ဦးတည် မ လာနိုင် သေးပါဘူး။ အဲဒီမှာပဲ ဒီးမော့ဆိုမြို့ဧရိယာမှာ တဝဲလည်လည်ဖြစ်နေတယ်။ လမ်းခွမှာ သူတို့နေနေကြတယ်။ အဲဒီနေ ရာမှာပဲ ပစ်ခတ်မှုခဏခဏဖြစ်တယ်။ ပြောက်ကျားလုပ်တာပေါ့။” ဟု KA စစ်ရေးချုပ်ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်ရောက်ထိန်းချုပ်ထားသော နေရာများသည် ပြည်သူလူထုနေထိုင်ခြင်း မရှိသည် မှာ ၂၀၂၁ ခုနှစ်ကတည်းက ဖြစ်ပြီး အကြမ်းဖက်စစ်တပ်က မြို့၏ ဌာနဆိုင်ရာ အဆောက်အအုံ အ ပျက် အစီးများအတွင်း၌ ဝင်ရောက်တပ်စွဲနေထိုင်ကာ မြို့ကို လက်မလွှတ်ရစေရေး စစ်တပ်က ပြင်ဆင်လုပ် ဆောင်လျက်ရှိကြောင်း သိရသည်။

ဩဂုတ်လ ၄ ရက်နေ့မှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က မြေပြင်၊ ဝေဟင်မှ အင်အားအလုံး အ ရင်းဖြင့် စစ်ကြောင်းထိုးဝင် ရောက်မှုကြောင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ပြည်သူထောင်ချီကာ စစ် ဘေးရှောင်နေရကြောင်း နှင့် စစ်ဘေးရှောင်စခန်းများကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများလည်းရှိကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article