စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော် လမ်းပိုင်းသို့ စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို နေ့စဉ် လိုက်လံ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦး သေဆုံးခဲ့ကြောင်း Danger Force – မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
သြဂုတ်လ ၈ ရက် နေ့တွင် မုံရွာ – အရာတော် လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က မုံရွာနှင့် အရာတော် တို့မှ စုဖွဲ့ထားသော စစ်သားနှင့် ပျူစောထီးများဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။
ယင်း စစ်ကြောင်းကို Danger Force – မုံရွာခရိုင် ပကဖအထူး တိုက်ခိုက်ရေးတပ်ဖွဲ့နှင့် ပူးပေါင်း တပ်ဖွဲ့များက သြဂုတ်လ ၁၁ ရက်၊ ၁၂ ရက်၊ ၁၄ ရက်နှင့် ၁၆ ရက်နေ့တွင် လိုက်လံ တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၄ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“တိုက်ပွဲကတော့ ဆက်တိုက်ကို ဖြစ်နေပါတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေကိုလည်း ကျည်နဲ့ ခဲယမ်းတွေ လှူ ဒါန်း ဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Danger Force – မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုတွင် Danger Force – မုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ နှင့်အတူ မုံရွာခရိုင်အမှတ် ၁၆ တပ်ရင်း ၊SRf PDF ၊ CAF PDF ၊ G-Z ညီနောင်၊ ကျားသစ်နက် Lpdf ၊ အရာတော်တိုက်နယ် (၈) ပကဖ ၊ အရာတော်တိုက်နယ် (၁) ပကဖ ၊မုံရွာခရိုင် ဒရုန်း တပ်ဖွဲ့ ၊ အရာတော်တိုက်နယ် (၈) ဒရုန်း တပ်ဖွဲ့ ၊ G-Z ညီနောင် ဒရုန်း တပ်ဖွဲ့တို့က ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရှိရသည်။
ဓာတ်ပုံ – ယခုနှစ်ဆန်းပိုင်းအတွင်း စစ်ကောင်စီတပ်ရင်းတစ်ခုတွင် သေဆုံးမှုများပြား၍ နာရေးပြင်ဆင်ထားမှု မြင်ကွင်း။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
