27.9 C
Yangon

ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းပေါ်တွင် ပြည်သူ ၂ ဦး ပစ်သတ်ခံရ

Must read

ရန်ကုန်၊ ဩဂုတ် ၂၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအတွင်းရှိ ရွာလယ်လမ်းမပေါ်တွင် အမျိုးသား ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရကြောင်း ဖားကန့်ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်အချိန် ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ၊ လုံး ခင်း- ဖားကန့်သွား ရွာလယ် မိန်းလမ်းမကြီးပေါ် လမ်းဆုံအနီး၌ အသက် ၄၅ နှစ်အရွယ် ကိုချစ်နိုင်နှင့် ၎င်းနှင့်မနီးမဝေး တစ်နေရာတွင် အသက် ၃၀ ကျော်အရွယ်အမျိုးသား ၁ ဦးထပ်မံပစ်သတ်ခံရခြင်းဖြစ် ကြောင်း သိရသည်။

“မှော်စီစာရွာလယ် မိန်းလမ်းမကြီးပေါ်မှာ ပစ်သတ်ခံရတာ။ ရှေ့ဆင့်နောက်ဆင့် နှစ်ယောက် ပစ် သတ်ခံရတယ်။ တစ်ယောက် မှော်စီစာကျေးရွာ အထက ၂ ကျောင်းနားက ဆင်ချိုကွမ်းယာဆိုင် အနီးမှာ ပစ်သတ်ခံရတာ၊ အတိုနဲ့ လေးချက် ပစ်သတ်ခံရတယ်၊ အဲဒါကတော့ ကိုချစ်နိုင်၊ အသက် ၄၅ နှစ်ပေါ့။ နောက်တစ်ယောက်ကတော့ နောက်တစ်ယောက်ကတော့ မှော်စီစာရွာလမ်း၊ လမ်းဆုံအနီး က မိန်းလမ်းမကြီးပေါ်မှာပဲ ပစ်သတ်ခံရတယ်။ သူကလည်း အသက် ၃၀ ကျော် ၄၀ ဝန်းကျင်ပဲရှိ မယ်။ သူကတော့ ဘယ်သူဘယ်ဝါဆိုတာ မသိရဘူး။” ဖားကန့် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပစ်ခတ်သတ်ဖြတ်ခံရပြီး သေဆုံးသွားသော ကိုချစ်နိုင်၏ အိတ်ထဲတွင် မက်သတုန်းဟု ယူဆရသော မူးယစ်ဆေး ဝါးများတွေ့ရှိရပြီး ကျန်သေဆုံးသူ အမျိုးသားသည်လည်း ယင်းနေရာ၌ ထိုင်နေသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း၊ ထို့ကြောင့် ပစ်ခတ်သတ်ဖြတ်ခံရပြီး‌ သေဆုံးသူများမှာ မူးယစ်ဆေးဝါးသုံးစွဲ သူများဟု ယူဆရကြောင်း ဒေသသ တင်း ရင်းမြစ်က သုံးသပ်ပြောဆိုသည်။

“ဘယ်ကပစ်တယ်၊ နောက်တစ်ခုဘာကြောင့်ပစ်တယ်ဆိုတာတော့ ဂဃနဏ မသိရဘူး။ တစ်ခုတော့ ရှိတာပေါ့၊ ကိုချစ်နိုင်ရဲ့အိတ်ထဲမှာတော့ မက်သတုန်းလို့ယူဆရတဲ့ဟာတွေတွေ့တယ်။ နောက်တစ် ယောက်ကလည်း ရပ် ကွက်ထဲကလူတွေပြောတာကတော့ အဲဒီနားမှာထိုင်နေတာကြပြီ။ ဆေးသမား လို့ယူဆရလို့ ပြောတယ်။ မူးယစ်ဆေးသမားလို့ ယူဆရတယ်လို့ပြောတယ်။ အဲဒီတော့ နှစ်ယောက် လုံးက မူးယစ်ဆေးသမားလို့ ကျနော်တို့ကတော့ ယူဆတယ်။ ဘာကြောင့်ပစ်သတ်သွားတယ်ဆို တာ ကတော့ ဂဃနဏ မသိရသေးပါဘူး” ဟု ဒေသသတင်းရင်းမြစ်ကရှင်းပြသည်။

ဖားကန့်တွင် စစ်တပ်စစ်ကြောင်းများ ရောက်ရှိလာချိန်မှစတင်၍ ပြည်သူ ၆၀ ကျော် စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ကြောင်း ဖားကန့်ပြည်သူများထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article