27 C
Yangon

ထိုင်းနိုင်ငံတွင် အလုပ်ပြောင်း၊ သူဌေးပြောင်းမည့် မြန်မာအလုပ်သမားများအနေဖြင့် အလုပ်ပြောင်းရွှေ့စာယူရန် မလိုတော့ဘဲ အလုပ်ပြောင်းခွင့်ပြု

Must read

ရန်ကုန်၊ ဩဂုတ် ၂၂

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အပါအဝင် နိုင်ငံခြားသားအလုပ်သမားများ အလုပ်ပြောင်းခြင်းနှင့် သူဌေးပြောင်းခြင်းများ လုပ်ကိုင်လိုပါက အလုပ်ပြောင်းစာ ဟုခေါ်ဆိုသော ဘိုင်ကျန့်အော် မလိုတော့ဘဲ မိမိပြောင်းရွှေ့လိုသော အလုပ်အကိုင်များသို့ ပြောင်းရွှေ့လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီး ဌာနက ဩဂုတ်လ ၂၀ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်သစ်ပြောင်းလဲ လုပ်ကိုင်ရန်အတွက် ယခင် အလုပ်ရှင်ထံမှ အလုပ်ထွက်ခွာခွင့်ပြုကြောင်း ခွင့်ပြုစာရွက်တောင်းခံရန် မလိုတော့ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေးကူညီပေးနေသူများထံမှ သိရှိရသည်။

“ဘိုင်ကျန့်အော်လို့ ခေါ်နေတဲ့ဟာက တကယ်ကအလုပ်ရှင်ဟောင်းက အလုပ်ပြာင်းရွှေ့ခွင့်စာကို ခေါ်တာ ။ အလုပ် သမားတွေကို တအားဒုက္ခပေးခဲ့တဲ့ဟာ။ တချို့အလုပ်ရှင်တွေက ညစ်ပြီး ထုတ်မပေးတာတို့ အလုပ်ရုံသစ်က အဲဒါမရှိလို့ လူမခေါ်တာတို့ပေါ့။ အဲဒီတော့ အလုပ်သမားတွေ ပွဲစားတွေနဲ့ ဘိုင်ကျန့်အော်အပ်ပြီး ပိုက်ဆံတွေ အများကြီး ကုန်ခဲ့ရတာ။ အခုတော့ အဲဒီကိစ္စတွေ ငြိမ်းသွားပြီ”ဟု မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေးကူညီပေးနေသည့် အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ပြောင်းလဲလိုက်သော မူဝါဒအရ အလုပ်ပြောင်းစာကို အလုပ်သမားက ပြုလုပ်ရန် မလိုတော့ဘဲ အလုပ်ရှင်ဟောင်းကသာ အလုပ်ရှင်အသစ်ထံသို့ အလုပ်သစ်စဝင်သည့်နေ့မှစကာ ၁၅ ရက်အတွင်း ပေးပို့လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် အလုပ် ပြောင်းရွှေ့ရန် ခွင့်ပြုချက်စာရွက်မလိုတော့သော်လည်း နှစ်နိုင်ငံအစိုးရအချင်းချင်း နားလည်မှုစာချွန်လွှာ MoU ဖြင့်လာရောက် အလုပ်လုပ်သည့် အလုပ် သမားများအတွက်မူ အဆိုပါ ထုတ်ပြန်ချက်နှင့် သက်ဆိုင်မှု မရှိကြောင်း၊ MoU အလုပ်သမားများမူ စာချုပ်များကို လက်မှတ်ထိုးထားပြီး ဖြစ်၍ စာချုပ်သက်တမ်း ၂ နှစ်ကုန်ဆုံးချိန် အလုပ်ပြောင်းရွှေ့မှသာ အကျုံးဝင်မည်ဖြစ် ကြောင်း အေအေစီ ကိုရဲမင်းက ပြောပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

1 COMMENT

  1. Your blog is a treasure trove of valuable insights and thought-provoking commentary. Your dedication to your craft is evident in every word you write. Keep up the fantastic work!

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article