26.9 C
Yangon

ကန့်ဘလူမြို့နယ်၊ ကျေးပင်အက်ရွာမှ ပြည်သူ ၄ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်၊ စာသင်ကျောင်း အပါအဝင် နေအိမ် ၂၄၀ ကျော်လည်း မီးလောင်ပြာကျ

Must read

ရန်ကုန်၊ ဩဂုတ် ၂၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျေးပင်အက်ရွာမှ ပြည်သူ ၄ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ် ဖြတ်ပြီး ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်စ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၉ ရက်နေ့ ကန့်ဘလူမြို့နယ်၊ ကျေးပင်အက်ရွာကို ခမရ ၃၆၁ တပ်ရင်းမှ စစ်သားများနှင့် ပျူစောထီးများ ပူးပေါင်းထားသော စစ်ကြောင်းက ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူ ၄ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာ စာသင်ကျောင်း အပါအဝင် ပြည်သူပိုင် နေ အိမ် ၂၄၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က သတ်ဖြတ်သွားသော ပြည်သူ ၄ ဦးသည် ကျေးပင်အက်ရွာမှ အသက် ၅၀ ကျော်အရွယ် ဦးမိုးညို နှင့် သရက်တာရွာမှ အမည်မသိ ပြည်သူ ၃ ဦးဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသြာည်။

“ဩဂုတ် ၁၉ ရက်နေ့က ၃၆၁ တပ်ရင်း နဲ့ ပျူစောထီးတွေ ပူပေါင်းထားတဲ့ စစ်ကြောင်းက အင်အား ၂၀၀ ကျော်နဲ့ ရွာစာသင် ကျောင်း ပြည်သူနေအိမ်၂၄၀ နဲ့ ရွာပိုင်ပစ္စည်းတွေကိုပါ မီးရှို့ ဖျက်စီးခဲ့တယ်။ ပြည်သူတွေကို ဓားနဲ့ခုတ်သတ်ပြီးတောက မီးရှို့အလောင်းဖျောက်သွားတာ အလောင်းတွေက ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားဖို့ ခက်နေတယ်။ စစ်ခွေးတွေက စာသင်ကျောင်းက ထိုင်ခုံတွေနဲ့ သင်ထောက် ပစ္စည်းတွေကိုပါ ဖျက်ဆီးသွားတယ်။ ကျေးရွာထဲက ပြည်သူပိုင် ပစ္စည်းတွေ အကုန်လုံးကိုလည်း ယူဆောင်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ စစ်ကြောင်းက ဩဂုတ်လ ၁၆ ရက်နေ့ တန့်ဆည်မြို့ပေါ်မှ ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ပြီး ထိန်တောရွာမှ အသက် ၇၀ ကျော်အရွယ် အဖွားအို ၁ ဦးကိုလည်း အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး လည်ပင်းညစ်သတ်ခဲ့ကြောင်း၊ ထို့ပြင် ရွာသစ်ရွာ၊ ကိုင်းရိုးရွာ၊ ကျေးပင်အပ်ရွာ၊ သရက်တော့ရွာ၊ အင်္ဂါဒေါင့်ရွာနှင့် မြစိန်ဘုရားတောတိုက်တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article