ရန်ကုန်၊ ဩဂုတ် ၂၅
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မင်းကွန်းနယ်မြေရဲစခန်း မှ ကွမ်းယာဝယ်ရန်ထွက်လာသော တပ်ကြပ် ရဲလင်းနိုင်ကို အရှင်ဖမ်းမိပြီး ၎င်း၏ ဖုန်းအတွင်းမှ တော်လှန်ရေးတပ်ဖွဲ့များကို စိန်ခေါ်ထားသော မက်ဆေ့များတွေ့ရှိရကြောင်း ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ – UGF မှ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဩဂုတ်လ ၂၁ ရက်နေ့ စစ်ကိုင်းမြိုနယ် မင်းကွန်းနယ်မြေရဲစခန်း မှ ကွမ်းယာဝယ်ရန်ထွက်လာသော တပ်မ ၃၃ လက်အောက်ခံ ဆက်သွယ်ရေး နှင့် အင်ဂျင်နီယာတပ်မှ တပ်ကြပ် ရဲလင်းနိုင်ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ အရှင် ဖမ်းဆီးရမိသော တပ်ကြပ် ရဲလင်းနိုင်ထံမှ ဖုန်း ၂လုံး သိမ်းဆည်းရမိခဲ့ပြီး ဖုန်းအတွင်းမှ ယူနီကွန်းတော်လှန်ရေးတပ်ကိုစိန်ခေါ်ထားသော မက်ဆေ့များတွေ့ရှိရကြောင်း၊ တပ်ကြပ် ရဲလင်းနိုင်က သေမင်းတမန် နာမည်ဖြင့် တော်လှန်ရေးရဲဘော်များကို တယ်လီဂရမ် မက်ဆေ့ချ်မှတစ်ဆင့် စိန်ခေါ်ထားခြင်းဖြစ်ကြောင်းသိရှိရသည်။
“ဖမ်းမိတာက တစ်ယောက်တည်းပါ။ ဖမ်းမိတဲ့နေ့ကတော့ ဩဂုတ် ၂၁ရက်နေ့က ဖမ်းမိတာ။ ဘယ်နေရာမှာ ဖမ်းမိခဲ့တာလဲဆိုတော့ မင်းကွန်းနယ်မြေရဲစခန်း အနီးမှာ ဖမ်းမိခဲ့တာပါ။ စစ်ခွေး ဖမ်းမိတုန်း သေနတ်ပါသေးလားဆိုတော့ မပါဘူး။ ဖုန်း၂ လုံးပဲပါပါတယ်။ လက်ရှိ ဖမ်းဆီးထားတဲ့သူကို ဘယ်လို အရေးယူဆောင်ရွက်ထားလဲဆိုတော့ အခုလက်ရှိတော့စစ်ဆေးမေးမြန်းမှုတွေလုပ်နေပါတယ်။”ဟု ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ – UGF မှ တာဝန်ခံကပြောဆိုသည်။
လက်ရှိအချိန်တွင် စစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေပြီး လိုအပ်သည့်အရေးယူမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


