22 C
Yangon

မလှိုင်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဩဂုတ် ၂၅

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်ရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ သြဂုတ် ၂၅ ရက်နေ့ နံနက် အစောပိုင်း ၂ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က သက္ကယ်ကျင်းကျေးရွာ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု မရှိသော်လည်း ဘုန်းကြီးကျောင်း တစ်ခုလုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“အထိ အခိုက်တော့မရှိဘူး။ ဘုန်းကြီးကျောင်းတော့ အတော်ပျက်ဆီးသွားတယ်။ ပြီးတော့ မြို့မြောက်ဖက်ခြမ်း နေရာအနှံ့လောက်ကို စစ်ခွေးတွေက ခွဲပြီး ကျဲသွားတာ သက္ကယ်ကျင်းကျေးရွာ မြောက်ဖက်ဘုန်းကြီးကျောင်း ပျက်စီးသွားတာပေါ့။ တိုက်ပွဲကတော့ လုံးဝမရှိပါဘူး။ ပြည်သူတွေလည်း ထွက်ပြေး တိမ်းရှောင်နေရတယ် “ဟု လူထုသတင်းကွန်ယက် တာဝန်ရှိသူ တစ်ဦးက​ ပြောဆိုသည်။

တောင်သာ၊ မလှိုင်နှင့် နွားထိုးကြီးမြို့နယ်များကို အကြမ်းဖက် စစ်တပ်က ညစဉ် စက်တပ်လေထီး၊ ဂျက်ဖိုက်တာများဖြင့် ဗုံးကျဲ တိုက်ခိုက်နေ၍ ပြည်သူများသည် ညအချိန်တွင် ကျေးရွာအတွင်းမှ တိမ်းရှောင် အိပ်စက်နေရကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article