စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်တပ်က တိုက်လေယာဉ်၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ်များ မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဩဂုတ်လ ၂၆ ရက်နေ့ ညနေ ၃ နာရီအချိန် မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာန ချုပ်မှ တက်လာသော စက်တပ်လေထီးဖြင့် ဘုတလင်မြို့နယ်အတွင်း ဗုံးကျဲပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
“မနေ့ ညနေ ၃ နာရီလောက်မှာ နမခက တက်လာတဲ့ စက်တပ်လေထီးနဲ့ ဗုံးတွေ လာကျဲတယ်။ သေ နတ်နဲ့လည်း ပစ်တယ်။ အသက် ၂၀ အရွယ် ဆိတ်ကျောင်းနေတဲ့ အမျိုးသမီး ၁ ဦး ဆုံးသွားပါတယ်။ စက်တပ်လေထီးနဲ့ ဗုံးကျဲခံရတဲ့နေရာက ဘုတလင်နဲ့ အရာတော်လမ်းအနီးမှာ ဗုံးကျဲခံရတာ။ အရပ်အ ခေါ် ဘုန်းကြီး လမ်းခွဲမှာ စက်တပ်လေထီးနဲ့ ပစ်သွားတာ။ ပထမ အမျိုးသမီးက ဒဏ်ရာရသွားတာ။အဲဒါ ဆေးရုံပို့ရင်းနဲ့ ဆေးရုံရောက်မှသေဆုံးတယ်” ဟု သေဆုံးသူ အမျိုးသမီး၏ မိတ်ဆွေဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် ဩဂုတ်လ ၂၆ ရက်နေ့ ညနေ ၅ နာရီကျော်အချိန် ဘုတလင်မြို့နယ်၊ သခွတ္တနယ်ရွာအနီး စက်သုံးဆီ အရောင်းဆိုင်ကို တိုက်လေယာဉ် ၂ စီး၊ စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲခဲ့ကြောင်း၊ ဗုံးကျဲချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ၊ စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အမျိုးသား ၂ ဦးသေဆုံးခဲ့ကြောင်း ဘုတလင်မြို့နယ်ပြည်သူကာကွယ် ရေးအဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။
“ရွာအရှေ့ဘက် လူစည်ကားတဲ့ ကားဂိတ်နေရာကို တိုက်လေယာဉ်၊ စက်တပ်လေထီးတွေနဲ့ ဗုံးကျဲတာပါ။ ဆီဆိုင်က အရောင်းဝန်ထမ်း အမျိုးသား၂ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။တိုက်ပွဲလည်းမရှိဘူး။ အလိုလိုနေရင်းကို ဗုံးကျဲချတာ” ဟု ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ရှင်းပြသည်။
ဘုတလင်မြို့နယ်အတွင်းတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများအပြင် မြေပြင်မှလည်း စစ် ကြောင်းထိုးမှုများ လုပ်ဆောင်နေကြောင်း၊ စစ်တပ်စစ်ကြောင်းက ယမန်နေ့ ဩဂုတ်လ ၂၆ ရက်နေ့ ဘုတ လင်မြို့နယ်၊ ပဲပြစ်တောရွာသို့ ရောက်ရှိနေကြောင်း၊ စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် အနီး အနားကျေးရွားများမှ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





