25.1 C
Yangon

နေပြည်တော်၊ တပ်ကုန်းမြို့ နယ်တွင် မိုးသည်ထန်စွာ ရွာသွန်းမှုနှင့် တောင်ကျချောင်းရေကြောင့် ရေကြီးနေပြီး ပြည်သူရာချီ၍ ကယ်ထုတ်င်္နေရ

Must read

ရန်ကုန်၊ ဩဂုတ် ၂၇

နေပြည်တော်၊ တပ်ကုန်မြို့အနီးတဝိုက်တွင် ရေကြီးနေပြီး ပြည်သူများကို ကယ်ထုတ်နေရကြောင်း မိုးစေတနာ ပရဟိတအသင်း ဥက္ကဋ္ဌ ကိုဖြိုးဝေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ ဩဂုတ်လ ၂၆ ရက် ညပိုင်းမှစ၍ မိုးရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် နဝင်း ချောင်း ရေလျှံကာ တပ်ကုန်းမြို့အပါအဝင် ချောင်းအနီးအနားပတ်ဝန်းကျင်ရှိ မကျည်းပင် ကျေးရွာ၊ ပုဏ္ဏမီကျေးရွာ စသည့် နေရာများ၌ ရေနစ်မြုပ် လျက်ရှိပြီး ပြည်သူများကို ဘေးလွတ်ရာ ကယ်ထုတ် ပေးနေကြောင်း သိရသည်။

“တောင်ကျရေရယ်၊ နဝင်းချောင်းရေရယ် ရေလျှံနေတာ၊ ကျနော်တို့ကတော့ ကယ်ဆယ်ရေး အဖွဲ့ ဖြစ်လို့ ကယ်ဆယ်ရေးအတွက် အသင့်ပြင် ဆင်ထားတယ်။ ပျဉ်းမနားမြို့နယ်အတွက်ရော၊ နေပြည် တော်အတွင်းမှာရော လူခွဲပြီးတော့ လုပ်နေရတယ်။ ပြည်သူတွေလည်းရှောင်နေရပြီ။ တပ်ကုန်းရော၊ မကျည်းပင်တို့ ပုဏ္ဏမီဘက်တို့ ရေကြီးနေတာ၊ မိုးတွေကလည်း ရွာနေတယ်။” ဟု မိုးစေတနာ ပရဟိတအသင်း ဥက္ကဋ္ဌ ကိုဖြိုးဝေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ ရေများသည် ယနေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့သို့ ဝင်ရောက်နိုင်မည်ဖြစ်သောကြောင့် ပျဉ်းမနားမြို့၊ ဇေယျာသီရိမြစ်ချောင်း အနီးအနားတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် သတိဝီရိယဖြင့်နေထိုင်ကြပါရန်နှင့် အရေးပေါ်လိုအပ်ပါက ပျဉ်းမနားသကြားစက်အနီးတွင် စက်လှေ များနှင့်အတူ ကယ်ဆယ်ရေးအဖွဲ့သားများ အသင့်ပြင်ဆင်ထားရှိကြောင်း၊ ထို့ကြောင့်မိဘပြည်သူ များအနေဖြင့် ဆက်သွယ်နိုင်ကြောင်း မိုးစေတနာကရဟိတအသင်းက အသိပေးတိုက်တွန်းထား သည်။

“နေ့ခင်းပိုင်းလောက်ကျရင် ပျဉ်းမနားကို ရေဝင်မှာဖြစ်လို့ ပျဉ်းမနားမှာစောင့်ဆိုင်းပြီးတော့ အကုန် သင့် ပြင်ထားတယ်။ အခုမနက်ပိုင်းက တပ်ကုန်းတဝိုက်၊ နေပြည်တော်တခွင်တော်တော်ဆိုးနေတာ၊ နေ့ခင်းပိုင်းတော့ ပျဉ်းမနားဘက် ကြီးမယ့် အခြေအနေရှိတယ်။ အဲဒီဘက်က ကျလာတဲ့ရေက ပျဉ်း မနားကို ကျလာမှာ။ မိဘပြည်သူတွေအနေနဲ့ အန္တရာယ်ကင်းအောင်နေကြပါ။ ဆက်သယ်လို့ရ မယ့် သူတွေကို ဆက်သွယ်ပါ၊ လွတ်ကင်းတဲ့နေရာမှာရွေ့ပြောင်းနေကြဖို့ ပြောချင်တယ်။” ဟု မိုးစေတနာ ပရဟိတအသင်း ဥက္ကဌ ကိုဖြိုးဝေက ပြောဆိုသည်။

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း”ကဂျိကိ”၏အကြွင်းအကျန်များကြောင့် မြန်မာနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်နေ၍ ယနေ့ သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၁ ရက်အ တွင်း မြန်မာတစ်ပြည်လုံးတွင် နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်း၊ မိုး သည်းထန်ခြင်းနှင့် မိုးသက်လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း စစ်တပ်လက်အောက်ခံ မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article