24.1 C
Yangon

ကော့ကရိတ်-မြ၀တီ အာရှလမ်းတွင် တိုက်ပွဲ ဆက်ပြင်းထန်နေပြီး စစ်တပ်က မြဝတီမြို့မှ အာရှလမ်းဘက်သို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေ

Must read

ရန်ကုန်၊ ဩဂုတ် ၂၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းပိုင်းတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အကြမ်း ဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား၍ မြဝတီမြို့မှပါ အာရှလမ်းဘက်သို့ စစ်တပ်က စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၃ ရက်နေ့တွင် ကော့ကရိတ်မြို့နယ် အာရှလမ်းပိုင်းရှိ တတန်ကူးရွာအနီး အကြမ်းဖက် စစ်တပ်က လူလှိုင်းဖြင့် ထိုးစစ်ဆင်ကာ လက်နက်ကြီး၊ ဒရုန်းများဖြင့် တစ်နေကုန် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၆၀ ဦးထက်မနည်း သေဆုံးကာ ၅ ကြိမ် တပ်လန်သွား၍ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ်က ကော့ကရိတ် အာရှလမ်းပိုင်းကို တတန်ကူးနှင့်ကော့နွဲ ရွာတို့မှ စစ်ကြောင်း တစ်ကြောင်း၊ ဒေါနတောင် လမ်းဟာင်း ရန်ကုတ်-ကောင်းမှု့ ရွာဘက်မှ စစ်ကြောင်း တစ်ကြောင်း တို့ဖြင့် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က မြဝတီ မြို့တွင်းနှင့် မြို့ပြင် တို့တွင် စစ်အင်အားရာနှင့်ချီ တပ်ဖြန့်ထားကာ အာရှလမ်းပိုင်းကို သင်္ဃန်းညီနောင်ဘက်မှ စစ်ကြောင်းတစ်ကြောင်းထိုးရန် ပြင်ဆင်လာကြောင်း၊ အာရှလမ်းပိုင်း ကော့ကရိတ်နှင့် မြ၀တီဘက်မှ နှစ်ဖက် ညှပ်၍ စစ်ကြောင်းထိုးတိုက်ခိုက်မည့် အခြေအနေရှိကြောင်း သိရသည်။

မြဝတီမြို့ရှိ ခလရ ၂၇၅ တပ်ရင်းတွင်လည်း ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားပြီး ပြန်လည်ပို့ဆောင်ခံရသော စစ်သားများနှင့် ဘားအံ တပ်မ ၂၂ မှ ထို့ကော်ကိုး PC အဖွဲ့ ၊ BGF အဖွဲ့မှ ခေါ်ဆောင်လာသော စစ်မှုထမ်း တပ်သားသစ်များ ရောက်ရှိနေကြောင်း၊ ထိုင်း-မြန်မာချစ်ကြည်ရေး တံတား အမှတ် ၂ တွင် စစ်အင်အား ၃၀၀ ခန့်ဖြင့် တပ်ဖျောက်ထားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က မြဝတီမြို့ နယ်ခြား ကော်မတီ ရှေ့တန်းရုံး၊ ရဲစခန်း၊ ဟေမန်ဦးသုဿန် ပြည်သူ့စစ်ကုန်း၊ မြေနီကုန်း လမ်းဆုံ ကရင်နှစ်သစ်ကူးကွင်း နေရာများတွင်လည်း တပ်အင်အား၊ လမ်းကင်းပုန်အင်အားများကို တိုးမြှင့်ချထားကြောင်း သိရသည်။

“စစ်ခွေးတွေက မြဝတီမြို့မှာပါ တပ်အင်အားဖြည့်ထားပြီး အာရှလမ်းပိုင်းကို နှစ်ဘက်ညှပ် ထိုးစစ်ဆင်မယ့် အခြေအနေရှိတယ်။ ရိက္ခာထောက်ပို့တာတွေကို ကရင်နှစ်သစ်ကူးကွင်းမှာ စစ်ခွေး မိသားစုတွေ ချက်ပြုတ်ပြီး ထမင်းထုတ်တွေ လိုက်ပို့နေတယ်။ မြဝတီမြို့ပေါ်မှာ စစ်ခွေးစစ်ကြောင်းတွေ တော်တော်ခြေရှုပ်နေတယ်” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ – ၂၀၂၂ ခုနှစ်၊ မတ်လ အာရှလမ်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့စဉ်။ (ပုံအဟောင်း အသုံးပြုထားပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၂ ခုနှစ်၊ မတ်လ အာရှလမ်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့စဉ်။ (ပုံအဟောင်း အသုံးပြုထားပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article