ရန်ကုန်၊ ဩဂုတ် ၂၇
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့သော PDF ရဲဘော် စိုးကြီး၏ နာရေး သဂြိုလ်ပွဲသို့ စက်တပ်လေထီးဖြင့် ၆ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဗျုဟာ ၂၂ မှ တော်လှန်ရေး ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့သော တောင်ငူခရိုင် ဗျူဟာ ၂၂ ပဲခူးရိုးမ ရေတာရှည် PDF တပ်ဖွဲ့ဝင် ရဲဘော်စိုးကြီး၏ နာရေး အခမ်းအနားကို ရေတာရှည်မြို့နယ် သကြီးပေါက်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို နာရေးအခမ်းအနားသို့ အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၂ စီးဖြင့် ၆ ကြိမ် ဗုံးလာကျဲ တိုက်ခိုက်ခဲ့သော်လည်း နာရေး အခမ်းအနား ပြီးဆုံးချိန်ဖြစ်သောကြောင့် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့သော ရဲဘော် စိုးကြီးသည် ဩဂုတ်လ ၂၂ ရက်နေ့ အရှေ့ရိုးမမှ အနောက်ရိုးမသို့ စစ်လက်နက် ပစ္စည်းများကို ဆိုင်ကယ် ကယ်ရီသမားတစ်ဦးနှင့်အတူ သယ် ဆောင်လာစဥ် ရေတာရှည်မြို့နယ်၊ ဘရင်းကုန်းကျေးရွာတွင် ဖမ်းဆီးသတ်ဖြတ် ခံရခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးစဉ် ဆိုင်ကယ် ကယ်ရီသမား ကိုရွှေအောင်ကိုလည်း စစ်လက်နက်များနှင့် အတူ အရှင်ဖမ်းဆီးခံခဲ့ရပြီး အကြမ်း ဖက် စစ်တပ်က ဆိုင်ကယ်ကယ်ရီသမား ကိုရွှေအောင်ကို လက်ရှိအချိန်အထိ ပြန်လွှတ်ပေးခြင်းမရှိကြောင်း သိရှိရသည်။
“နာရေး အခမ်းအနားက နံနက် ၉ နာရီမှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ အခမ်းအနားပြီးဆုံးချိန် မွန်းလွဲ ၁၂ နာရီလောက်မှာ စစ်ခွေးတွေက စက်က်တပ်လေထီး ၂ စီးဖြင့် ၆ ကြိမ် လာရောက်ဗုံးကျဲ တိုက်ခိုက်တာပေါ့ ကျနော်တို့ ရဲဘော်တွေ ထိခိုက်မှုမရှိပါဘူး။ ဒီကောင်တွေ အချိန်လွဲသွားတာ ကျနော်တို့က ညကတည်းက ဒီသတင်းဟာ ပေါက်နိုင်တယ်ဆိုပြီး ၂၄ နာရီ ကင်းချထားပြီးတော့ ရွာသားတွေကိုလည်း အချိန်မှီ ဆွဲထုတ်ထားနိုင်ခဲ့လို့ ထိခိုက်မှုလုံးဝမရှိခဲ့တာပါ” ဟု ဗျုဟာ ၂၂ မှ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




