28.7 C
Yangon

ပြင်ဦးလွင်၊ ရေချမ်းအိုး ရပ်ကွက်ရှိ ပြည်သူပိုင် မြေဧက ၂၀၀ ကျော်တွင် တည်ဆောက်ထားသော နေ အိမ်များကို စစ်တပ်က အတင်းအကျပ် ဖျက်ဆီးပြီးနောက် ဒုဗိုလ်မှူးကြီး သိန်းနိုင်ထွန်းအမည်ဖြင့် တပ်ပိုင်မြေလျှောက်ထား

Must read

🟥 လမ်းမတန်း မျက်နှာစာ မြေဧက ၅၀ ကို မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ရယူမည်

ရန်ကုန်၊ဩဂုတ် ၂၈

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရပ်ကွက်ကြီး ၁၂ ၊ ရေ ချမ်းအိုး ရပ်ကွက်ရှိ ပြည်သူလူထု နေထိုင်သော မြေဧက ၂၀၀ ကျော်ပေါ်မှ နေအိမ်များကို စစ်တပ်က အတင်း အကျပ် ဖျက်ဆီးပြီးနောက် ဒုဗိုလ်မှူးကြီး သိန်းနိုင်ထွန်းအမည်ဖြင့် တပ်ပိုင်မြေလျှောက်ထားကြောင်း သိရှိရသည်။

ယမန်နှစ်နှစ်ကုန်ပိုင်းတွင် မန္တလေးတိုင်း ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရပ်ကွက်ကြီး ၁၂ ရေချမ်းအိုးရပ် ကွက်အတွင်း မြေဧက ၂၀၀ ဒသမ ၁၄ ပေါ်ရှိ ပြည်သူလူထု အိမ် ထောင်စု‎ပေါင်း ၁၀၀၀ ခန့်နေထိုင်သည့် မြေနေရာကို စစ်တပ်က အတင်းအကျပ်ဝင်ရောက်ဖျက်ဆီး ခဲ့ကြောင်း၊ ယခုအခါ ယင်းမြေဧက ၂၀၀ ဒသမ ၁၄ ဧကကို တိုးချဲ့တပ်ပိုင်မြေအဖြစ် သတ်မှတ်ပေးရန် ဒုတိယဗိုလ်မှူးကြီး သိန်းနိုင်ထွန်းက လျှောက်ထားလာကြောင်း သိရှိရသည်။

” တပ်ပိုင်မြေမဟုတ်တဲ့နေရာကို တပ်ပိုင်မြေဆိုပြီး အတင်းအကျပ် ပြည်သူတွေကို နှင်ထုတ် ဖမ်းဆီးပြီး နေအိမ်တွေနဲ့ ရပ်ကွက်တွေကို ဖျက်ဆီးတာတွေ လုပ်တယ်။ အခု ဘယ်ပြည်သူမှ မနေရဲအောင် လုပ်ပြီးတော့မှ အဲဒီနေရာကို တပ်ပိုင်မြေအဖြစ် ပြန်လျှောက်ထားလာတာ။ ပြည်သူတွေကို တမင်ကို အနိုင်ကျင့်တာ ထင်ရှားပါတယ်” ဟု နေအိမ် ဖြိုဖျက်ခံလိုက်ရသော ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်က တပ်ပိုင်မြေအဖြစ် လျှောက်ထားသော မြေဧက ၂၀၀ ဒသမ ၁၄ ဧက အနက်မှ လမ်းမတန်း မျက်နှာစာ မြေဧက ၅၀ ကို မင်းအောင်လှိုင်၏သားဖြစ်သူ အောင်ပြည့်စုံက ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ရယူမည်ဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

အဆိုပါ မြေနေရာကို တပ်ပိုင်မြေဟု နာမည်တပ်ကာ အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ သိမ်းယူရန်ကြိုးပမ်းခဲ့ပြီး ယင်းနေရာတွင် အိမ်ထောင်စုပေါင်း ၁၀၀၀ ခန့် လူဦး ရေ ၃၀၀၀၀ ဝန်းကျင်နေထိုင်ခဲ့ကြသည်။

အဆိုပါ ရပ်ကွက်ကို ၂၀၀၀ ပြည့်နှစ်က တည်းက တပ်မတော်အလုပ်ရုံတည် ဆောက်မည်ဟုဆိုကာ လျှာထားမြေနေရာ သတ်မှတ်ခဲ့ပြီး မြေယာပိုင်ရှင် တောင်သူများနှင့် ညှိုနှိုင်းခဲ့ဖူးကြောင်း၊ စစ်တပ်၏ အလုပ်ရုံစီမံကိန်းအတွက် မြေပိုင်ရှင် တောင် သူအများစုက လက်မှတ်မထိုးခဲ့ကြ၍ စီမံကိန်းရပ်ဆိုင်းခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် တောင်သူများက တပ်ပိုင်မြေ မဟုတ်ကြောင်း အဆင့်ဆင့် စာတင်ခဲ့သဖြင့် တပ်ပိုင်မြေမဟုတ်ပေါ်လွင်ခဲ့ကြောင်း၊ သို့ရာတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်တွင် မြေကွက်များကို ပြန်လည် သိမ်းယူခဲ့ခြင်းဖြစ်သည်။

တပ်ပိုင်မြေအဖြစ် မြေသိမ်းယူခဲ့ရာတွင် ဒုတိယဗိုလ်မှူးကြီး သိန်းနိုင်ထွန်း၊ ဗိုလ်မှူး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး သိန်းသန်းဇော် တို့က ဦးဆောင်ခဲ့ပြီး လက်ရှိ တပ်ပိုင်မြေအဖြစ် လျှောက်ထားရာတွင် ဒုဗိုလ်မှူးကြီး သိန်းနိုင်ထွန်းက ဦးဆောင်လျက်ရှိသည်။

ရေချမ်းအိုးရပ်ကွက်ရှိ မြေဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းယူမှုမှု နောက်ကွယ်တွင် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ အပါအဝင် ဗိုလ်ချုပ်များအတွက် မြေကွက်များ ဖော်ထုတ်ရန်၊ တပ်မတော်ဗဟိုလေ့ကျင့်ရေးအလုပ်ရုံ တည်ဆောက်ရန်၊ တပ်လုံခြုံရေးနှင့် မင်းအောင်လှိုင်၏ လုံခြုံရေးအတွက် တပ်မတော်နည်းပညာ တက္ကသိုလ်ရှေ့တွင် လူနေရပ်ကွက်များ မရှိစေလိုသည့် ရည်ရွယ်ချက်များပါဝင်ကြောင်း တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article