တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့မှ ထွက်လာသော စစ်တပ် စစ်ကြောင်းက အဘိုးအို ၂ ဦး သတ်ဖြတ်ပြီး နေအိမ် ၇၀ ကျော်ကို မီးရှို့ကာ ပြည်သူများ၏ အဖိုးတန် ပစ္စည်းများကို ခိုးယူဆောင်သွားကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၈ ရက်နေ့ သရက်ချောင်းမြို့ပေါ် ခမရ ၄၀၄ နှင့် ခမရ ၄၀၅ တပ်ရင်းမှ အင်အား ၂၀၀ ကျော် ခန့်ပါရှိသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မိုးရွှေကုန်းရွာ ၊ စော်ဖျားရွာရှိ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ကြောင်း၊ စစ်တပ်က မိုးရွှေကုန်းရွာ၊ စော်ဖျားရွာမှ အသက်အရွယ် ၇၀ကျော် အရွယ် အမျိုးသား ၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် နေအိမ် ၇၀ကျော် မီးရှို့ကာ နေအိမ်ရှိ တန် ဖိုးကြီးပစ္စည်း များကို ခိုးယူဆောင်သွားခဲ့ကြောင်း၊ ရွာသားတချို့ကိုလည်း စစ်တပ်က ဖမ်းဆီးခဲ့သော်လည်း ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
“အဲဒီမှာရှိတဲ့ရွာသားတွေ ဖမ်းပြီးတဲ့ အခါကျတော့ တချို့တော့ ပြန်လွှတ်လိုက်တယ်။ တချို့ ဒီနှစ်ယောက် ကျတော့ မသန်းစွမ်းပေါ့နော်။ တစ်ယောက်ပါတယ်။ အဲဒါလည်း သူတို့ သတ်လိုက်တာပဲ ဒီမှာ သူတို့ စစ်ကြောင်းထွက်သွားတော့မှ သိရတာပဲစစ်ကြောင်း ပြန်ထွက်သွားတော့မှ သိရတာ။ စစ် ကြောင်းက သရက်ချောင်းကလာတာပါ။ သူတို့တစ်ရွာပြီး တစ်ရွာ ထိုးပြီးတဲ့အခါကျတော့ ။ နောက်ဆုံး မိုးရွှေကုန်းနဲ့ ဒီစော်ဖျားဘက်ကို ရောက်လာတယ်။ အဲဒီရွာတွေမှာပဲ သူတို့ တစ်ပတ်လောက်တော့ ကြာသေးတယ်။ ရွာတွေလည်း မီးရှို့တယ်။ မိုးရွှေကုန်းနဲ့ စော်ဖျားရွာ နှစ်ရွာပေါင်း ၇၀ ကျော် မီးရှို့ခဲ့တာ သူတို့ ပြန်ထွက်တော့မှ ရွာသားတွေသိရတာ။ သတ်ဖြတ်ခဲ့တယ်ဆိုတာကို သိရတာ။ ဒီဟာက သတ်ခဲ့တာတော် တော်တော်လေးကို ကြာနေပြီ။ အသတ်ခံရတဲ့ ပြည်သူ ၂ဦးက အမျိုးသား တွေပါ။ အသက်ကြီးပိုင်း ၆၀ ကျော် ၇၀ဘက်ကိုရောက်နေပြီ။အသက်ကြီးပိုင်းတွေ” ဟု တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ထို့ပြင် စစ်တပ်က ပြည်သူပိုင်နေအိမ်များအတွင်းမှ အဖိုးတန်ပစ္စည်းများကိုလည်း လုယက်ခိုးယူသွားကြောင်း၊ ယင်းနောက် ပစ္စည်း များကို ယူဆောင်ကာ စစ်ကြောင်းက ကျေးရွာများအတွင်းမှ ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသည်။
“အဲဒီရွာမှာ ရှိတဲ့ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေရော့ ဘီဒိုတို့ ရေခဲ သေတ္တာတို တီဗီတို့ အကုန်လုံး ကား၂စီးနဲ့ တင်သွားတယ်”ဟု တော်လှန်ရေးစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
လက်ရှိ အချိန် အကြမ်းဖက် စစ်တပ်စစ်ကြောင်းက ထားဝယ်မြို့ပေါ်ရှိ ၂၅ တပ်ရင်းထဲတွင် ပြန်လည် ရောက်ရှိ တပ်စွဲထားကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



