26.8 C
Yangon

မြောက်ဦးမြို့တွင် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူ စုစုပေါင်း ပြည်သူ ၁၄ ဦးအထိရှိလာ

Must read

ရန်ကုန်၊ ဩဂုတ် ၂၈

ရခိုင်ပြည်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာတွင် ဒဏ်ရာရရှိသူ ပြည်သူ ၂ ဦး ထပ်မံသေဆုံး၍ စုစုပေါင်း သေဆုံးသူ ပြည်သ ၁၄ ဦးအထိရှိလာကြောင်း AA က သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၂၅ ရက်နေ့ ည ၁၁ နာရီ ၂၅ မိနစ်အချိန် ရခိုင်ပြည်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ အလှူလုပ်ရန် ပြင်ဆင်နေကြသော မိသားစုဝင်များ နှင့် ၎င်းပတ်ဝန်းကျင်အနီးအနားမှ ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၁၂ ဦး သေဆုံးခဲ့ရကြောင်း၊ ပြည်သူ ၂၀ ဦးမှာ ထိခိုက်ဒဏ်ရာများကြောင်း သိရှိရသည်။

စစ်တပ်၏ လေကြောင်းတိုက်မှုကြောင့် ဒဏ်ရာရရှိကြသောသူများ ဆေးကုသမှုခံယူနေစဉ်အတွင်း ဩဂုတ်လ ၁၆ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် အသက် ၃၂ နှစ်အရွယ် ဒေါ်အေးစန္ဒာ နှင့် အသက် ၄ နှစ်အရွယ် မောင်အောင်အောင် တိုနှစ်ဦးမှာ ဆေးကုသခဲ့သော် လည်း ရရှိထားသော ပြင်းထန်ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း ၊ထို့ကြောင့် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ပွဲချင်းပြီး နှင့် ဆေးကုသမှုခံယူနေစဉ်အတွင်း အပါအဝင် စုစုပေါင်းသေဆုံးသူ ပြည်သူ ၁၄ ဦးအထိရှိသွားပြီဖြစ်ကြောင်း သိရှီရသည်။

ထို့ပြင် ဩဂုတ်လ ၂၅ ရက်နေ့ တစ်ရက်တည်းတွင်ပင် မြောက်ဦးမြို့၊ မင်းပြား နှင့် ပေါက်တောမြို့နယ်ရှိ ပြည်သူလူထုများရှိရာ ရပ်ကွက်များအတွင်းသို စစ်တပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တွေအခြေစိုက် စစ်ကောင်စီ၏ တပ်ရင်းများကလည်း ပုဏ္ဏားကျွန်းမြို့မှ ပြည်သူများနေထိုင်ရာ ရပ်ကွက်များသို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- APM။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article