26.8 C
Yangon

ကော့ကရိတ်-မြ၀တီ အာရှလမ်းကို စစ်တပ်က အင်အား ၅၀၀ ကျော်ဖြင့် ထပ်မံ ထိုးစစ်ဆင်ရန် ပြင်ဆင်လာပြန်

Must read

ရန်ကုန်၊ ဩဂုတ် ၂၈

ကရင်ပြည်နယ်၊ မြဝတီ အာရှလမ်းပိုင်းကို စစ်တပ်က လေကြောင်းနှင့် မြေပြင် ထိုးစစ် အလုံးအရင်းဖြင့် တိုက်ခိုက်နေရာတွင် အင်အား ၅၀၀ ကျော်ဖြင့် ထပ်မံ ထိုးစစ်လာကြောင် ကရင် စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က စစ်အင်အား ၅၀၀ ကျော်ကို စစ်ကား အစီး ရေ၅၀ ကျော်ပါဝင်သော ယာဉ်တန်းဖြင့် အာရှလမ်းမဘက်သို့ အင်အားဖြည့်တင်းလာကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်တပ်တွင် တပ်ပေါင်းစုပုံစံဖြင့် ဒရုန်း ဗုံးကျဲ တပ်ဖွဲ့၊ ယန္တယားတပ်ဖွဲ့ ၊ လက်နက်ကြီးမစ်ဇိုင်းတပ်ဖွဲ့နှင့် စစ်မှုထမ်း တပ်သားသစ်များ ပါဝင်ပြီး မြေပြင် ထိုးစစ်ဆင်ကို အရှိန်မြှင့် တိုက်ခိုက်ရန် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ နံနက် ၇ နာရီကျော်ခန့်မှ စတင်ပြီး ကော့ကရိတ်ဘက်မှ ဒေါနတောင်လမ်း ဟောင်းဘက်နှင့် အာရှလမ်း မြဝတီဘက်သို့ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေပြီး မြေပြင်မှလည်း စစ်ကြောင်း အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် အာရှလမ်း၊ သင်္ဃန်းညီနောင်နှင့် မြဝတီကို အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ရန် အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့များ၏ ခုခံ တိုက်ခိုက်မှုများကြောင့် တပ်လှန်က စစ်တပ်ဘက်မှ အကြိမ်ကြိမ် ပြန်လည် ဆုတ်ခွာ ထွက်ပြေးနေရခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ်က BGF နှင့် DKBA တပ်များအနေဖြင့် KNLA နှင့် PDF ဘက်မှ ပူးပေါင်း တိုက်ခိုက်ပါက ၎င်းတို့ အခြေစိုက်ရာ နေရာများ အားလုံးကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။

“ဘားအံ တပ်မ ၂၂ ကနေ ကျုံဒိုးနဲ့ ကော့ကရိတ်ဘက်ကို စစ်အင်အား အလုံးအရင်း ဖြည့်တင်းနေတာ။ အာရှလမ်း ၊ သဃ်န်းညီနောင် ၊ မြဝတီကို ပြန်လည် ထိန်းချုပ်ဖို့ စစ်တပ်က ထိုးစစ် အပြင်းအထန် လုပ်မယ် သဘောပဲ တိုက်ပွဲ အရှိန်မြှင့်တာပေါ့။ တိုက်ပွဲတိုင်းမှာ စစ်တပ်က တပ်လှန်ပြီး ပြန်ဆုတ်ရတာ အကြိမ်ကြိမ်ပဲ အခုလည်း စစ်မှုထမ်း တပ်သားသစ် အများအပြားကို အသုံးပြုပြီး ထပ်တိုက်ခိုင်းမယ့် သဘောပဲ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ကို လုပ်ဆောင်နေတယ်။ နောက်ပြီး BGF နဲ့ DKBA တပ်တွေ PDF ဘက်က ပါလာရင်လည်း သူတို့ လုပ်ငန်းခွင် အကုန်လုံးကို ဗုံးကျဲ မယ်လို့ ခြိမ်းခြောက်ထားတယ်” ဟု ကရင် စစ်ရေး သတင်းရင်းမြစ်ကပြောဆိုသည်။

ဓာတ်ပုံ – ၂၀၂၄ ခုနှစ်၊ အာရှလမ်းပိုင်းတွင် စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းမှ သံချပ်ကားကို ကော်ဘရာပူးပေါင်းစစ်ကြောင်းက သိမ်းပိုက်ရရှိခဲ့စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၄ ခုနှစ်၊ အာရှလမ်းပိုင်းတွင် စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းမှ သံချပ်ကားကို ကော်ဘရာပူးပေါင်းစစ်ကြောင်းက သိမ်းပိုက်ရရှိခဲ့စဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article