29.1 C
Yangon

ပုဂံမြို့ပေါ်တွင် စစ်တပ် နှင့် PDF ရဲဘော်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်သား ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၂၈

မန္တလေးတိုင်း၊ ပုဂံမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် နှင့် PDF ရဲဘော်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများနှင့် ညောင်ဦးခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၇ ရက်နေ့တွင် ပုဂံမြို့ပေါ်ရှိ ဆင်ဖြူတော် ကုန်စုံဆိုင်အနီးတွင် အကြမ်းဖက် စစ်တပ်နှင့် PDF ရဲဘော်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ကြောင်း၊ ထို တိုက်ခိုက်မှု ဖြစ်စဉ် အသေးစိတ်ကို ဆက်လက် စုံစမ်းနေကြောင်း သိရှိရသည်။

“ပခုက္ကူဘက်ကနေ လာတဲ့ အဖွဲ့က ရဲဘော် ၃ ဦးနဲ့ စစ်ခွေးတွေ မြို့ပေါ်မှာ ပစ်ခတ်မှုဖြစ်တာလို့ သိရတယ်။ တိုက်ခိုက်မှုဖြစ်စဉ်ကိုတော့ သက်ဆိုင်ရာ အဖွဲ့တွေက တရားဝင် ထုတ်ပြန်ပါလိမ့်မယ်။ ဖြစ်စဉ်အသေးစိတ် အခြေအနေကိုတော့ ကျန်တော်တို့ ဆက်လက် စုံစမ်းနေပါတယ်။ သေချာမသိရသေးပါဘူး” ဟု ညောင်ဦးခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ပုဂံမြို့အဝင်အထွက် ဂိတ်များနှင့် မြို့ပေါ်နေရာများတွင် အင်အား ရာနှင့်ချီ တပ်ဖြန့်ထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ ဒေသပြည်သူတချို့ကိုလည်း ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“စစ်ခွေးတွေက မြို့ပေါ်မှာ တော်တော်ခြေရှုပ်နေပါတယ်။ ၂၇ ရက်နေ့က အပြန်အလှန် ပစ်ခတ်မှု အတွင်းမှာ စစ်ခွေး ၂ ကောင်သေတယ်လို့တော့ ကျနော်တို့ သတင်းကြားတယ်။ ဒီနေ့ထိ စစ်ခွေးတွေက မြို့အဝင်အထွက်နဲ့ မြို့ထဲကို ပိတ်ဆို့ပြီး စစ်ဆေးတာတွေ လုပ်နေတယ်။ သူတို့ မသင်္ကာတဲ့သူဆို ဖမ်းဆီး စစ်ဆေးတယ် ပြီးရင် ပြန်လွှတ်တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ ယခုနှစ် ဇွန်လ ၁ ရက်နေ့ကလည်း ပုဂံမြို့သစ် ဂန့်ဂေါရပ်ကွက်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ တပ်ထွက် ပျူစောထီး ခေါင်းဆောင် ဇော်ဇော်နှင့် ၎င်းနောက်လိုက် ပျူစောထီး ၈ ဦးက ရပ်ကွက်ထိပ်ရှိ ဇရပ်တွင် ပြည်သူများထံမှ ဆက်ကြေးကာက်နေစဉ် ပစ်ခတ်ခံရပြီး ပျူစောထီး ခေါင်းဆာင် ဇော်ဇော် အပါအဝင် ပျူစောထီး ၈ ဦးသေဆုံးခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article